နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အောက်စဖို့ဒ်တက္ကသိုလ်၏ ကိုဗစ်ကာကွယ်ဆေးက ဘေးကင်းလုံခြုံပြီး အာနိသင်ထက်မြက်ကြောင်း တွေ့ရှိ

လန်ဒန်  ဒီဇင်ဘာ ၉


အောက်စဖို့ဒ်တက္ကသိုလ်နှင့် AstraZeneca ကုမ္ပဏီတို့ ပူးပေါင်းဖော်စပ်သည့် ကာကွယ်ဆေးမှာ ဘေးကင်းလုံခြုံပြီး အာနိသင်ထက်မြက်ကာ ကိုဗစ်-၁၉ ရောဂါကို ကောင်းကောင်းကာကွယ်ပေးနိုင်စွမ်း ရှိသည်ဟု သုတေသီများက The Lancet စာစောင်သို့ ပြောသည်။ အဆိုပါလေ့လာမှုတွင် ပါဝင်ခဲ့သူအများစုမှာ အသက် ၅၅ နှစ်အောက်အရွယ်ရှိသူများဖြစ်သည်။ သို့သော် တွေ့ရှိရသည့် ရလဒ်များအရ ကာကွယ်ဆေးမှာ သက်ကြီးရွယ်အိုများတွင်လည်း အာနိသင်ထက်မြက်ကြောင်း တွေ့ရသည်။


ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို လျှော့ချပေးနိုင်သည့်အပြင် ဖျားနာခြင်း၊ အသက်ဆုံးရှုံးခြင်းမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ကြောင်း အချက်အလက်များတွင် တွေ့ရသည်။ လူ ၂၀၀၀၀ ကျော် ပါဝင်သည့် နောက်ဆုံးအဆင့် စမ်းသပ်မှုများ၏ ရလဒ်အပြည့်အစုံကို The Lancet စာစောင်တွင် ထုတ်ပြန်ရန် စီစဉ်လျက်ရှိသည်။ အဆိုပါအချက်အလက်များကို သုံးသပ်ပိုင်းခြားမည့် စည်းမျဉ်းထိန်းသိမ်းသူများက အောက်စဖို့ဒ်ကာကွယ်ဆေးကို အရေးပေါ်အခြေအနေအတွက် အသုံးပြုခွင့်ပေးရန် စဉ်းစားလျက်ရှိသည်။


သို့သော် ဆေးပမာဏမည်မျှပေးမည်၊ မည်သူများကို ကာကွယ်ပေးနိုင်မည်ဆိုသည့် အရေးကြီးမေးခွန်းများကို ဖြေဆိုရန် ကျန်ရှိနေဆဲဖြစ်သည်။
စမ်းသပ်ထိုးနှံနေစဉ်ကာလအတွင်း ဆေးပမာဏ အပြည့်ပေးရမည့်အစား မတော်တဆအားဖြင့် ဆေးပမာဏတစ်ဝက်သာ ပေးမိခဲ့ရာ ဆေးပမာဏအပြည့်ပေးခြင်းထက် ကာကွယ်နိုင်စွမ်း ပိုရှိကြောင်း တွေ့ရှိခဲ့သည်။ ဆေးပမာဏအပြည့် ၂ ကြိမ်ထိုးနှံပါက ကိုဗစ်-၁၉ ရောဂါကို ၆၂ ရာခိုင်နှုန်းသာ ကာကွယ်နိုင်သော်လည်း ပထမအကြိမ်ကို ဆေးပမာဏ တစ်ဝက်သာပေးပြီး ဒုတိယအကြိမ်ကို ဆေးပမာဏအပြည့်ပေးပါက ၉၀ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်စွမ်းရှိကြောင်း တွေ့ရှိခဲ့သည်။                


 KNT






အခြားဆက်စပ်သတင်းများ