နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဧဝရက်တောင်၏ တရားဝင်အမြင့်ပေ တစ်မီတာနီးပါး ပိုမြင့်လာ

ခတ္တမန္ဒူ   ဒီဇင်ဘာ  ၉


ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်မှာ ယခင်က တရားဝင်တိုင်းတာတွက်ချက်ထားသည့် ပမာဏထက် ဝ ဒသမ ၈၆ မီတာ ပိုမြင့်သည်ဟု နီပေါနှင့် တရုတ်နိုင်ငံက ပူးတွဲကြေညာခဲ့သည်။ ယခုကဲ့သို့ ကြေညာချက် မထုတ်မီအချိန်အထိ ဧဝရက်တောင်ထိပ်ပေါ် ဖုံးလွှမ်းနေသည့် နှင်းထုကို ထည့်သွင်းတွက်ချက်သင့်၊ မတွက်ချက်သင့်နှင့်ပတ်သက်၍  နီပေါနှင့်တရုတ်နိုင်ငံကြား သဘောထားကွဲလွဲခဲ့သည်။


တရုတ်နိုင်ငံက ဧဝရက်တောင်၏ ကျောက်သားသီးသန့်ကိုသာ တိုင်းတာတွက်ချက်သင့်သည်ဟု ယူဆခဲ့ပြီး နီပေါနိုင်ငံက တောင်ထိပ်တွင် ဖုံးလွှမ်းနေသည့် ဆီးနှင်းထုထည်ကိုပါ ထည့်သွင်းတွက်ချက်သင့်သည်ဟု သတ်မှတ်ခဲ့သည်။ ယခုကြေညာချက်အရ ဧဝရက်တောင်မှာ အမြင့် ၈၈၄၈ ဒမသ ၈၆ မီတာ  ၂၉၀၃၂ ပေ ရှိလာခဲ့သည်။


တရုတ်နိုင်ငံမှာ ယခင်က ဧဝရက်တောင်ကို ၈၈၄၄ ဒသမ ၄၃ မီတာဟု သတ်မှတ်ထားခဲ့ရာ အဆိုပါပမာဏမှာ နီပေါနိုင်ငံ၏ သတ်မှတ်ချက်ထက် ၄ မီတာ ပိုနည်းသည်။ နီပေါနှင့် တရုတ်နိုင်ငံကြား တည်ရှိသည့် ဧဝရက်တောင်ကို နှစ်ဖက်စလုံးမှ တောင်တက်ကြလေ့ရှိသည်။ ဧဝရက်တောင်၏ အမြင့်ပေသစ်ကို တရားဝင်သတ်မှတ်ရန် နှစ်နိုင်ငံလုံးမှ တိုင်းတာသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်ဟု နီပေါနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် မြေတိုင်းဦးစီး ဌာနမှ အရာရှိများက ပြောသည်။                               


KNT






အခြားဆက်စပ်သတင်းများ