နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
SME Development Bank ၏ လုပ်ငန်းချေးငွေအမျိုးအစား အသစ်မိတ်ဆက်

ရန်ကုန်၊ ဒီဇင်ဘာ ၈


မျက်မှောက်ခေတ်ကာလတွင်သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးနည်းပညာ (ICT) တိုးတက်လာသည် နှင့်အညီ IT ပစ္စည်းများသည် တကိုယ်ရေသုံးပစ္စည်းများသာမက ရုံးလုပ်ငန်းများတွင်လည်း ကုမ္ပဏီများ၏ စွမ်းဆောင်ရည်ကို ပြောင်းလဲစေပြီးပိုမိုအကျိုးဖြစ်ထွန်းသောကြောင့် အသုံးပြုလာကြပြီဖြစ်သည်။

 ထို့အတူလုပ်ငန်းများတွင်လည်း ရုံးလုပ်ငန်းသုံးပစ္စည်းများဝယ်ယူရန် လိုအပ်ချက်များလည်းရှိလာကြပြီဖြစ်သည်။ ထိုလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် SME Development Bank ၏ လုပ်ငန်းချေးငွေအမျိုးအစား အသစ်တစ်ခုနှင့်မိတ်ဆက်ပေးလိုက်သည်။

SME Development Bank ၏ IT Loan ချေးငွေသည် ရုံးလုပ်ငန်းသုံး ITပစ္စည်းများဝယ်ယူရန်လိုအပ်နေသော လုပ်ငန်းများအတွက် လုပ်ငန်းလိုအပ်ရင်းနှီးငွေကို လွယ်ကူရိုးရှင်းစွာ ရယူနိုင်မည့် ချေးငွေ အမျိုးအစားတစ်ခုဖြစ်သည်။ ချေးငွေအတိုးနှုန်းသက်သာစွာဖြင့် ရရှိနိုင်သည့်ဘဏ်လုပ်ချေးငွေအမျိုးအစားတစ်ခုဖြစ်သည့်အတွက်ကြောင့် လုပ်ငန်းများကို ယခုထက် ပိုမိုမြန်ဆန်ဆောင်ရွက်နိုင်စေရန် SME Development Bank ၏ IT Loan ဖြင့်ချိတ်ဆက် ဝယ်ယူနိုင်ပြီဖြစ်သည်။ SME Development Bank ၏ IT Loan ချေးငွေဝန်ဆောင်မှုနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက ရုံးချုပ်(ချေးငွေဌာန)ဖုန်း01-2302340,2302341သို့ ဘဏ်ဖွင့်ချိန်အတွင်း တိုက်ရိုက်ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပြီဖြစ်သည်။

(WP)






အခြားဆက်စပ်သတင်းများ