နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Samsung ၏ စမတ်ဖုန်းသစ်များတွင် Galaxy Gear ဟောင်းများကို ထောက်ပံ့တော့မည်မဟုတ်

ရန်ကုန်၊ ဒီဇင်ဘာ ၈


Samsung Member App တွင် ဖော်ပြမှုအရ Samsung က လာမည့် ၂၀၂၁ ခုနှစ် Galaxy စမတ်ဖုန်းများမှာ ၂၀၁၃-၂၀၁၄ ခုနှစ်များအတွင်း ထွက်ခဲ့သည့် Galaxy Gear ဟောင်းများကို ထောက်ပံ့မှု ပြုလုပ်တော့မည် မဟုတ်ကြောင်း သိရသည်။

ထို့ကြောင့် Gear ၊ Gear2 ၊ Gear Neo ၊ Gear S နှင့် Gear Fit တို့က Galaxy Wearable App မှာ ထောက်ပံ့မှု ရရှိလာတော့မည် မဟုတ်ပေ။

သို့သော် Gear S2 နှင့် Gear S3 အသုံးပြုသူများအနေဖြင့် ဆက်လက်အသုံးပြုနိုင်ကြဦးမည်ဖြစ်သည်။

Samsung က နည်းပညာပိုင်းဆန်းသစ်မှုများ ရှိလာသည်နှင့်အတူ Galaxy Gear ဟောင်းအချို့တို့ကို ထောက်ပံ့မှု ရပ်ဆိုင်းလိုက်ခြင်းလည်းဖြစ်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ