ဝါရှင်တန်၊ ဒီဇင်ဘာ ၈
အမေရိကန်သမ္မတရွေးကောက်ပွဲ အနိုင်ရခဲ့ပြီဆိုသည့် ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်မှာ အငြိမ်းစားဗိုလ်ချုပ်ကြီး လွိုက်အော်စတင်ကို ယင်း၏အစိုးရအဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်ခဲ့ ကြောင်း Politico သတင်းဌာနက ဖော်ပြသည်။
အသက် ၆၇ နှစ်ရှိသည့် ဗိုလ်ချုပ်ကြီး လွိုက်အော်စတင်မှာ ပင်တဂွန်စစ်ဌာနချုပ်ကို ဦးဆောင်ခွင့်ရသည့် ပထမဆုံး အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားဖြစ်လာမည်။
သမ္မတ ( ဟောင်း) အိုဘားမား၏ အစိုးရအဖွဲ့ အုပ်ချုပ်ခဲ့စဉ်က အမေရိကန်နိုင်ငံ ဗဟိုကွပ်ကဲရေးဌာနကို ဦးဆောင်ခဲ့သည့် လွိုက်အော်စတင်မှာ အငြိမ်းစားယူချိန် ၇ နှစ်မပြည့်သေးသည့်အတွက် လွှတ်တော်၏ ဖြေလျှော့ပေးမှု ရရှိမှသာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရမည်ဖြစ်သည်။ သို့သော် အဆိုပါကိစ္စနှင့်ပတ်သက်၍ ဂျိုးဘိုင်ဒင်နှင့် လွိုက်အော်စတင်တို့ နှစ်ဦးလုံး မှတ်ချက်တစ်စုံတစ်ရာပေးခြင်း မရှိသေးပေ။
KNT