နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သက်ရှည်ကျန်းမာ အလေးထားပါ

ရန်ကုန်၊ ဒီဇင်ဘာ  ၈


ကလေးသုံးယောက်လျှင် တစ်ယောက်မှာ အဝလွန်တတ်ပြီး ယင်းသို့အဝလွန်မြင့်တက်လာခြင်းကို အသက် ၁၀ နှစ်အောက်တွင် ရပ်တန့်နိုင်ကြောင်း လေ့လာမှုတစ်ခုက ဆိုထားသည်။ သုတေသနပညာရှင်များက အများအားဖြင့် အသက် ၁၁ နှစ်မှ ၁၅ နှစ်အရွယ်ရှိသူများသည် အဝလွန်မှုမြင့်တက်လျက်ရှိသည်ဟု ဆိုသည်။ ကျန်းမာရေးဌာနက အဝလွန်မှုနှင့်ဆက်စပ်၍ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါအချို့နှင့် မြုံခြင်းကဲ့သို့ များပြားသော ကျန်းမာရေးပြဿနာများနှင့် ဆက်နွှယ်မှုရှိကြောင်း ထုတ်ပြန်ထားသည်။ ကလေးအများစုသည် မွေးစတွင် အဝလွန်ခြင်းမဖြစ်ဘဲ မူလတန်းပြီးဆုံးချိန်တွင် အဝလွန်ခြင်းမှာ စိတ်ပျက်စရာကောင်းကြောင်း၊ အသက်ငယ်ရွယ်သောအုပ်စုတွင် အဝလွန်မှုမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်မှုများပြုလုပ်ရန် ကျွမ်းကျင်သူတို့ က ထုတ်ပြန်ထားသည်။ ကျန်းမာကြံ့ခိုင်သော ဘဝများကိုပိုင်ဆိုင်ရန် တက်ကြွလှုပ်ရှားပြီး ကယ်လိုရီလျှော့ချရေး ကို ဦးတည်ဆောင်ရွက်သင့်သည်။

အဝလွန်ခြင်း သို့မဟုတ် မိမိရှိသင့်သည်ထက်ပို၍ ကိုယ်အလေးချိန်မြင့်တက်လာခြင်းက နှလုံး၊ သွေးတိုး၊ ဆီးချို၊ လေးဖက်နာ၊ လေဖြတ်ခြင်းစသည့် နောက်ဆက်တွဲဆိုးကျိုးဖြစ်ပေါ်စေနိုင်သဖြင့် ကိုယ်လက်လှုပ်ရှားခြင်း ဖြင့် အဝလွန်မှုကိုလျှော့ချသင့်သည်။ အချို့အသက်ရှည်သော အဘိုး၊ အဘွားများသည် ကျန်းမာရေးအတွက် သီးသန့်လေ့ကျင့်ခန်း မပြုလုပ်ကြသော်လည်း လေ့ကျင့်ခန်းပြုလုပ်သကဲ့သို့ ကိုယ်လက်လှုပ်ရှားအလုပ်များကို များများလုပ်နေခြင်းကြောင့် ကျန်းမာသန်စွမ်းကြသည်။

ကျန်းမာရေးသည် ဝယ်ယူ၍ရသည့်ပစ္စည်းမဟုတ်ပါ။ ကိုယ်ကိုယ်တိုင် လေ့ကျင့်ယူရသည့်အရာဖြစ်သည်။ လူတိုင်းလူတိုင်း ကိုယ်ကျန်းမာမှ စိတ်ချမ်းသာမည်ဖြစ်သည်။ ယနေ့မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ကိုဗစ် ၁၉ ရောဂါသည် ကူးစက်မြန်ဗိုင်းရပ်စ်ဖြစ်သည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်များကို နည်းစနစ်တကျ လိုက်နာခြင်းဖြင့် ရောဂါကူးစက်မှုဘေးမှ ကင်းဝေးနိုင်မည်ဖြစ်ရာ Mask တပ်ပါ။ လက်ကိုဆပ်ပြာဖြင့် မကြာခဏဆေးပါ။ လူစုလူဝေးရှောင်ကြဉ်ပါ။ မလိုအပ်လျှင် အပြင်မထွက်ပါနှင့်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေထိုင်ခြင်း စည်းကမ်းများကိုလိုက်နာခြင်းဖြင့် ကိုဗစ် ၁၉ ရောဂါကိုကြံ့ကြံ့ခံ နိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ လောက၌ အသက်ရှည်အနာမဲ့ကြောင်း နည်းလမ်းကောင်းများကို အသိပညာရှာဖွေ လိုက်နာဆောင်ရွက်သင့် ဂရုပြုစေချင်ကြောင်း။    ။






အခြားဆက်စပ်သတင်းများ