နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အင်တာနက်လုပ်ငန်းပိုင်းဆိုင်ရာများတွင် အသုံးပြုရအဆင်ပြေစေရန် Galaxy မှ ဆောင်ရွက်ပေး

   ဒီဇင်ဘာ    ၇


ယနေ့ခေတ်လူမှုဝန်းကျင်တွင်ခေတ်နှင့်အညီ Mobile / Internet Technology သုံးစွဲမှုများမြင့်တက်ပြောင်း လဲလာသည်နှင့်အတူလိုက်ပါပြောင်းလဲလာသည့်အခြားနယ်ပယ်တစ်ခုက "ငွေကြေးဆိုင်ရာပေးချေမှုကဏ္ဍ" ဖြစ်သည်။

ယခုအခါပုံမှန်ငွေသားကိုင်ဆောင်ပေးချေမှုများအစား Cashless ငွေပေးချေမှုများဖြစ်သော Online banking/ Mobile banking များကို အစားထိုးအသုံးပြုလာပြီး Card / Pay System များနှင့်ခေတ်မီငွေပေးချေမှုစနစ် လွှမ်းခြုံသည့် Cashless society ဘက်သို့ဦးတည်လာသည်။

ထိုသို့ Cashless Society/ Cashless Economy ခေတ်ကိုရွေ့နေချိန် SMEs စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ပြောင်းလဲလာသည့် Trend များနောက်ကိုအမီလိုက်နိုင်ရန်ငွေသားထုတ်ကိုင်ပြီးပေးချေစရာမလိုတော့ဘဲလုံခြုံစိတ်ချရသည့် Card/ Pay System များကိုအသုံးပြုနိုင်ရန်လိုအပ်လာပြီဖြစ်သည်။ Cashless system များသုံးစွဲခြင်း၏ အားသာချက်များကအချိန်ကုန်သက်သာပြီး၊ ငွေကြေးပေးချေမှုမှားယွင်းမှုများကို လျှော့ချနိုင်သည့်အပြင်၊ ပေးချေမှုတိုင်းရဲ့ Transaction တွေကိုနေ့စဉ်၊ လစဉ်စာရင်းပိတ်ချိန်တွင် တိတိကျကျပြန်လည်စိစစ်နိုင်ရုံသာမက၊ ပေးချေမှုတိုင်းသည်ဘဏ်ရှိမိမိ account ဆီကို တိုက်ရိုက်ရောက်ရှိသွားသော ကြောင့် ပိုမိုလုံခြုံစိတ်ချစွာဖြင့် Smart ကျကျပေးချေမှုများပြုလုပ်နိုင်မည်ဖြစ်သည်။

ထိုကဲ့သို့ Cashless Society /Cashless Payment သုံးစွဲမှုစနစ်များကိုမိမိလုပ်ငန်းတွင်ဖော်ဆောင်ချင်သူ များ အနေဖြင့် Galaxy မှရေးဆွဲထုတ်လုပ်ထားသော Software Product အားလုံးတွင်အဆိုပါစနစ်ကိုအထောက် အကူပြုနိုင်ရန်ရေးဆွဲထားပြီးဖြစ်သည်။" CB / AYA / KBZ Card Device " များကိုမည်သည့် Bank Card အမျိုးအစားနှင့်မဆို ချိတ်ဆက်အသုံးပြုနိုင်အောင်စနစ်တိုင်းတွင် ထည့်သွင်းရေးဆွဲထားပြီးဖြစ်သည့် အပြင် " KBZ Pay / AYA Pay" ကိုအသုံးပြု၍လည်း POS transaction ငွေပေးချေမှုများကိုအလွယ်တကူလုပ်ဆောင်နိုင်ပြီဖြစ်သည့်အပြင် မန္တလေးမြို့တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအတွက်လည်း မိမိစီးပွားရေးသုံး Software Product များကို MDY Smart Pay ဖြင့် အဆင်ပြေပြေချိတ်ဆက်သုံးစွဲနိုင်အောင်ထည့်သွင်း                               ရေးဆွဲပြီးဖြစ်သည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများလုပ်ကိုင် ဆောင်ရွက်နေသူများတွင် Card / Pay System များကို ပြောင်းလဲမှုနှင့်အညီ စနစ်တကျပြောင်းလဲအသုံးပြုနိုင်ရန် ငွေသားမဲ့ငွေပေးချေမှုအတွက် အသေးစိတ်ထပ်မံသိရှိလိုပါက Galaxy ၏ HOT LINE : 09 43209550 ကို ဆက်သွယ်၍ စုံစမ်းမေးမြန်းနိုင်ပြီ ဖြစ်သည်။                                                                                                                            (WP)






အခြားဆက်စပ်သတင်းများ