နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျှပ်စစ်အသုံးပြုသူများ ဆင်ခြင်လိုက်နာဆောင်ရွက်

ရန်ကုန်၊ ဒီဇင်ဘာ  ၇


လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ စွမ်းအားကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲသူတို့ အဆင်ပြေလာ၏။ လျှပ်စစ်ဓာတ်အား အသုံးများလာသော နေအိမ်များတွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများ သုံးစွဲမှုများပြားလာပေသည်။ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ပိုမိုများပြားလာသကဲ့သို့ လူမှုဘဝများလည်း တိုးတက်လာပေသည်။ နှစ်စဉ်မီးလောင်မှု ကြောင့် မလိုလားအပ်သော အသက်၊ အိုးအိမ်၊ စည်းစိမ်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိပေသည်။ မီးလောင်ကျွမ်းမှု ဖြစ်ပေါ်ရာတွင် ပေါ့ဆမီးလောင်မှု များစွာဖြစ်ပေါ်လျက်ရှိသည့် အကြောင်းရင်းတွင် လျှပ်စစ်ဓာတ်အားသုံးစွဲသူ များ ပေါ့ဆမှု၊ စံချိန်မီလျှပ်စစ်ပစ္စည်းများ အရည်အသွေးမီ အာမခံလျှပ်စစ်ပစ္စည်းများ သုံးစွဲမှုနည်းပါးပြီး၊ အရည်အသွေးမမီ လျှပ်စစ်ပစ္စည်းများ၏ အားနည်းချက်များလည်းပါဝင်သည်။ ဈေးကွက်အတွင်း အရည်အသွေးမမီ လျှပ်စစ်ပစ္စည်းရောင်းချခြင်းသည် မီးလောင်ရာလေပင့်သည့် လုပ်ရပ်ဖြစ်ပေသည်။ သက်ဆိုင်ရာများက ကြပ်မတ်စစ်ဆေးသုံးစွဲနိုင်ရေး ဆောင်ရွက်သင့်ပေသည်။

လျှပ်စစ်ဓာတ်အားသုံးစွဲရာတွင် ဝါယာရှော့ခ်ဖြစ်ခြင်း၊ လျှပ်စစ်ဓာတ်အားပမာဏ ပိုမိုလွန်ကဲစွာဖြစ်ပေါ်ခြင်း နှင့် ချွတ်ယွင်းပျက်စီးနေသော လျှပ်စစ်ကိရိယာများသုံးစွဲခြင်းမှ အပူမီးပွားဖြစ်ခြင်းတို့ကြောင့် မီးလောင်မှုဖြစ်ပွား ခြင်း၊ စံချိန်စံညွှန်းကိုက်ညီကောင်းမွန်သည့် လျှပ်စစ်ဝါယာကြိုးများသုံးစွဲခြင်း၊ မီးအားမြှင့်စက်သုံးစွဲပါက အတင်အချသတိပြုရန်နှင့် မီးအားထိန်းကိရိယာ ချွတ်ယွင်းပါက လှဲလှယ်တပ်ဆင်ခြင်း လျှပ်စစ်ပစ္စည်းများကို တပ်ဆင်အသုံးပြုရာတွင် မီးဒဏ်ခံနိုင်သောနေရာတွင် တပ်ဆင်ရန်နှင့် မီးလောင်လွယ်သော ပစ္စည်းများအနီးတွင် မထားရန် လိုအပ်ကြောင်း လျှပ်စစ်နှင့် စွမ်းအားဝန်ကြီးဌာနမှ သတိပေးထုတ်ပြန်ထားသည်။

လျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့် ဟောင်းနွမ်းနေသော လျှပ်စစ်ကြိုးများကို လဲလှယ်ခြင်း၊ လျှပ်စစ် ဒဏ်ခံကြိုးများ သတ်မှတ်သည့်စံနှုန်းအတိုင်း တပ်ဆင်ရန်နှင့် ခံနိုင်ရည်အားထက် ပိုမိုမထည့်သွင်းရန်၊ လျှပ်စစ်မီးဖို၊ မီးပူများသုံးစွဲပြီးလျှင်၊ မီးပျက်လျှင် ခလုတ်ပိတ်ပြီးမှ ပလပ်ခေါင်းဖြုတ်ရန်၊ ဝါယာရှော့ခ် ဖြစ်ပါက ပင်မမိန်းခလုတ်ပိတ်ပြီး ခြောက်သွေ့သော အဝတ်၊ ပိတ်စတို့ဖြင့် ရိုက်ပုတ်၊ ဖုံးအုပ်ငြှိမ်းသတ်ရန်၊ ချွတ်ယွင်းနေသော လျှပ်စစ်ပစ္စည်းကိရိယာများကို မသုံးစွဲရန် လျှပ်စစ်အသုံးပြုသူများလိုက်နာရန် သက်ဆိုင်ရာ က နှိုးဆော်ထားပေ သည်။ လျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့် ဆင်ခြင်လိုက်နာ ပူးပေါင်းကူညီဆောင်ရွက်စေချင်ကြောင်း။  ။






အခြားဆက်စပ်သတင်းများ