နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ ထိုးနှံပေး

ဒီဇင်ဘာ ၆၊ မော်စကို


ရုရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိသည်။ မော်စကိုမြို့ရှိ ဆေးရုံများက ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေအများဆုံးရှိသူများကို Sputnik Vကာကွယ်ဆေးထိုးနှံပေးခဲ့ခြင်းဖြစ်သည်။

ရုရှားနိုင်ငံတွင် ထုတ်လုပ်ပြီး ပြီးခဲ့သည့်သြဂုတ်လတွင် မှတ်ပုံတင်ခဲ့သည့် Sputnik Vကာကွယ်ဆေးမှာ ကိုဗစ်-၁၉ ရောဂါကို ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိဟု ဆိုသည်။ သို့သော် လက်ရှိအချိန်အထိ အကြီးအကျယ်စမ်းသပ်ထိုးနှံမှုများ လုပ်နေဆဲဖြစ်သည်။ 

ယခုအားလပ်ရက်တွင် ကာကွယ်ဆေး ပထမအကြိမ်ထိုးရန် စာရင်းပေးသွင်းသူ ထောင်ပေါင်းများစွာ ရှိသည်။ ရုရှားနိုင်ငံက Sputnik V ကာကွယ်ဆေး မည်မျှထုတ်လုပ်မည်ဆိုခြင်းကို တိတိကျကျ မသိရသေးပေ။ သို့သော် ယခုနှစ်ကုန်တွင် ကာကွယ်ဆေး အဖုံ နှစ်သန်း ထုတ်လုပ်နိုင်မည်ဟု ထုတ်လုပ်သူများက မျှော်လင့်ထားသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ