ဒီဇင်ဘာ ၆၊ ဗျူနိုအေရိစ်
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကျန်းမာရေးအထောက်အပံ့ပစ္စည်းများ ဝယ်ယူပြီး ထောက်ပံ့ ကူညီမှုများ ပြုလုပ်ရန်အတွက် အာဂျင်တီးနားနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်များထံမှ အခွန်ကောက်ခံ မည့်ဥပဒေကို အာဂျင်တီးနားလွှတ်တော်က အတည်ပြုခဲ့သည်။
သန်းကြွယ်သူဌေးအခွန်ဟု ခေါ်ဆိုကြသည့် အခွန်တစ်ကြိမ် ပေးဆောင်ရေး သတ်မှတ်ချက်ကို ပြီးခဲ့သည့် သောကြာနေ့က အထက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၄၂ မဲ၊ ကန့်ကွက်မဲ ၂၆ မဲဖြင့် ထောက်ခံသည့်ဘက်က အနိုင်ရခဲ့သည်။
ပီဆိုသန်း ၂၀၀ ကျော် ( အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ သန်း) ကြွယ်ဝချမ်းသာသူများ ( အာဂျင်တီးနားတွင် အဆိုပါပမာဏ ချမ်းသာကြွယ်ဝသူ ၁၂၀၀၀ နီးပါး ရှိသည်)အနေဖြင့် အခွန်ပေးဆောင်ရမည်ဖြစ်သည်။
အာဂျင်တီးနားနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁ ဒသမ ၅ သန်းနီးပါးရှိပြီး လူ ၄၀၀၀၀ နီးပါး သေဆုံးခဲ့သည်။ လူဦးရေ ၄၅ သန်းနီးပါးသာရှိသည့် အာဂျင်တီးနားနိုင်ငံမှာ ပြီးခဲ့သည့်အောက်တိုဘာလက ကိုဗစ်-၁၉ ကူးစက်ခံရသူ တစ်သန်းကျော်ရှိသည့် ပဉ္စမမြောက်နိုင်ငံ ဖြစ်လာခဲ့သည်။ ပိတ်ဆို့မှု စည်းမျဉ်းများ ချမှတ်ရခြင်းကြောင့် အလုပ်လက်မဲ့ဖြစ်ခြင်း၊ ဆင်းရဲမွဲတေမှု မြင့်တက်ခြင်း၊ အစိုးရကြွေးမြီများပြားခြင်း စသည့်အခြေအနေများ ကြုံတွေ့ခဲ့၍ စီးပွားရေးအကျပ်အတည်း တွေ့ခဲ့သည်။ အာဂျင်တီးနားနိုင်ငံမှာ ၂၀၁၈ ခုနှစ်ကတည်းက စီးပွားရေးကျဆင်းမှု ကြုံတွေ့ခဲ့သည်။
Ref:BBC(KNT)