နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Razer က Hybrid ANC စနစ်ပါဝင်သည့် Hammerhead True Wireless Pro Earbuds ကို ကြေညာ

ဒီဇင်ဘာ  ၆


Razer က ကြိုးမဲ့နားကြပ်သစ်ဖြစ်သည့် Hammerhead True Wireless Pro ကို ကြေညာလာပြီး အဆိုပါ နားကြပ်သစ်မှာ နောက်ဆုံးထွက် မိုက်ခရိုဖုန်း၊ In-Ear Fit စနစ်၊ Touch Controls ၊ Case ဒီဇိုင်းသစ်၊ ပိုကောင်းသည့် ဘက်ထရီတို့ ပါဝင်လာသည်။

Hammerhead သစ်မှာ မိမိနှင့်ကိုက်ညီမည့် နားကြပ်ကို သုံးနိုင်အောင် လုပ်ဆောင်ထားသည်။ Hybird Noise Cancellation စနစ်ပါဝင်ပြီး အပြင်ဘက်မှ ဆူညံသံများကို လျှော့ချပေးနိုင်မည်ဖြစ်သည်။

10mm Drivers သုံးထားကာ THX ထောက်ခံချက်ရရှိထားပြီး Bluetooth 5.1 နှင့် Latency ကို 60ms အထိ လျှော့ချပေးနိုင်သည်။ ကြိုးမဲ့အားသွင်းမှု မထောက်ပံ့ထားဘဲ USB Type C မှတစ်ဆင့် အားသွင်းရမည် ဖြစ်သည်။ နားကြပ်သီးသန့်ဖြင့် သီချင်းနားထောင်မှုကို ၄ နာရီအထိ ပြုလုပ်နိုင်မည်ဖြစ်သည်။

Razer ၏ ကြိုးမဲ့နားကြပ်သစ် Hammerhead True Wireless Pro ကို ဈေးနှုန်းအနေဖြင့် ၁၉၉ ဒေါ်လာ သတ်မှတ်ထားကြောင်း သိရသည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ