နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌ထူးချွန်ဆရာများ ပေါ်ထွန်းလာရေး အလေးပေး

ရန်ကုန်   ဒီဇင်ဘာ  ၆


မြန်မာ့လူ့ဘောင်လောကတွင် မျိုးဆက်သစ်လူငယ်များ၏ အနာဂတ်ဘဝရှင်သန်ဖွံ့ဖြိုးရေးအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာ သုံးနာကိုအခြေခံပြီး မွန်မြတ်သည့် ပြုစုပျိုးထောင်ရေးလုပ်ငန်းတာဝန်များကို  ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမများအား ရိုသေလေးစားတန်ဖိုးထားကြသည်။ ယနေ့လူငယ်၊ လူရွယ်များ သည် အနာဂတ်ကို တည်ဆောက်ကြမည့် သားကောင်းရတနာလေးများဖြစ်ကြရာ ဆရာ၊ ဆရာမများက ကောင်းမွန်စွာ ပြုစုပျိုးထောင်စောင့်ရှောက်နိုင်မှုသည် ထူးချွန်ထက်မြက်သော လူတော်လူကောင်းလေးများ  အနာဂတ်သာယာလှပရေးအတွက် ကြိုးပမ်းကြရမည်ဖြစ်သည်။

ကမ္ဘာ့နိုင်ငံအသီးသီး၌ ဖွံ့ဖြိုးတိုးတက်မှု၏ အခြေခံအကျဆုံးဖြစ်သည့် လူသားအရင်းအမြစ်များ ပျိုးထောင် ရာတွင် ပဓာနကျသည့် ဆရာများ၏ ဂုဏ်ရည်၊ ကျင့်ဝတ်၊ သိက္ခာနှင့် ဂုဏ်ကျေးဇူးတို့ကို ဖော်ကျူးဂုဏ်ပြုနိုင်ရန် အနာဂတ်ကာလတွင် လူ့ဘောင်အဖွဲ့အစည်းက လိုလားအပ်သော သားကောင်းရတနာများ ပေါ်ထွက်လာရေး၊ ထူးချွန်နှံ့စပ်သည့် ဆရာကောင်း၊ ဆရာမြတ်များ ကမ္ဘာအနှံ့ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကုလသမဂ္ဂပညာ ရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်၊ နိုင်ငံတကာအလုပ်သမားအဖွဲ့၊ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့တို့က ကမ္ဘာ့ဆရာများနေ့ကို အသိအမှတ်ပြုထားသည်။ မြန်မာ့လူ့ဘာင်လောကတွင် ဆရာကောင်း၊ ဆရာမြတ်တို့၏ ဂုဏ်ကျေးဇူးကို မမေ့မလျော့ မပေါ့သောအသိဖြင့် အာစရိယပူဇော်ပွဲများကို ကျင်းပခဲ့ကြသည်။ ယခုနှစ်တွင် ကိုဗစ်-၁၉ ကပ်ရောကြောင့် ပူဇော်ပွဲအခမ်းအနားများကို မကျင်းပနိုင်သော်လည်း ဆရာကြီး၊ ဆရာမကြီးများ အိမ်အရောက်ပူဇော်ကန်တော့ကြသည်။

ကမ္ဘာနှင့်အဝန်းကပ်ရောဂါ ကိုဗစ်-၁၉ကြောင့် ကျောင်းများတွင် စာသင်ကြားရန် ခက်ခဲနေချိန်တွင် မိန်းကလေးငယ်များ ပညာရေးတိုးတက်အောင် ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် အိန္ဒိယနိုင်ငံ ရွာကျောင်းမှ ကျောင်းဆရာ ဒီဆာလီ အသက် ၃၂ နှစ်သည် ယခုနှစ်အတွက်‌ ပေးအပ်သည့် ကမ္ဘာ့ဆရာဆု (Glpbal Teacher Prize) ရရှိခဲ့သည်။ ဒီဆာလီသည် နိုင်ငံပေါင်း ၈၃ နိုင်ငံမှတပည့်များအတွင် အွန်လိုင်းမှတစ်ဆင့် သိပ္ပံသင်ခန်းစာ များ သင်ကြားပေးပြီး ပဋိပက္ခဖြစ်ပွားရာဇုန်များရှိ လူငယ်များအကြား အဆက်အသွယ်လုပ်နိုင်သည့် စီမံကိန်း တစ်ခုကိုလည်း တည်ထောင်ခဲ့သူ ဖြစ်သည်။ ရန်ဂျစ်ဆင်းဒီဆာလီသည် ဆုကြေးငွေဒေါ်လာတစ်သန်းရရှိသော် လည်း တစ်ဝက်ကို ဆုမရသူများအား ခွဲဝေပေးခဲ့ကြောင့် နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။

ဆရာ၊ ဆရာမများသည် အနာဂတ်သားကောင်းရတနာများ ပြုစုပျိုးထောင်ပေးလျက်ရှိရာတွင် ဖြူစင်၊ သန့်ရှင်း၊ မွန်မြတ်လှသည့်မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ စေတနာ၊ ဝါသနာ၊ အနစ်နာတည်းဟူသော ကြန်အင်  လက္ခဏာကောင်းများရှိသည့်အပြင် ထူးချွန်ထက်မြက်၍ ခေတ်နှင့်လျော်ညီသော ဆရာကောင်းများ ပေါ်ထွန်း လာရေး အစဉ်ကြိုးပမ်းဆောင်ရွက်စေချင်ကြောင်း ။         ။






အခြားဆက်စပ်သတင်းများ