နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌ဘက်စုံထောင့်စုံ ပူးပေါင်းဆောင်ရွက်

ရန်ကုန်   ဒီဇင်ဘာ  ၅

မြန်မာနိုင်ငံမူးယစ်ဆေးဝါးပပျောက်ရေးတွင် ထုတ်လုပ်မှု ပပျောက်ရေး၊ သုံးစွဲမှုပပျောက်ရေး၊ တားဆီး နှိမ်နင်းရေး၊ ပြည်သူလူထုနှင့် အခြားအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ကဏ္ဍများတွင် တက်ညီလက်ညီပါဝင်မှ လျော့နည်းပပျောက်မည်ဖြစ်သည်။ ဘိန်းစိုက်ပျိုးမှု၏ ၉၀ ရာခိုင်နှုန်း သည် ရှမ်းပြည်နယ်၌ရှိနေခြင်း၊ စိုက်ပျိုးသူအများစုသည် လမ်းပန်းဆက်သွယ်မှုခက်ခဲခြင်း၊ စိုက်ပျိုးရေလုံလောက် စွာမရရှိခြင်း၊ ကျန်းမာရေး၊ ပညာရေးအခြေခံလိုအပ်ချက်များ နိမ့်ကျသည့်ဒေသဖြစ်နေခြင်းတို့က အဓိကကျနေ ပေရာ စိုက်ပျိုးရေးနှင့် အခြားဝင်ငွေရလုပ်ငန်းများ ဖန်တီးပေးနိုင်ရေးသည် အရေးပါသည်။

မူးယစ်ဆေးဝါးပပျောက်ရေးသည်  နိုင်ငံတကာနှင့်သက်ဆိုင်သည့်အတွက်  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်း ရေးလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပညာပေးရေးလုပ်ငန်းများတွင် ဘက်စုံထောင့်စုံမှ ပူးပေါင်းဆောင်  ရွက်မှသာ အောင်မြင်မည်ဖြစ်သည်။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ဆေးဝါးအန္တရာယ်တားဆီး ကာကွယ်နှိမ်နင်းရေးအတွက် ပြည်သူလူထုထံမှ ပေးပို့တိုင်ကြားလာသည့် သတင်းအချက်အလက်များကို စနစ် တကျ လက်ခံရယူနိုင်ရန် မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် နိုင်ငံတော်သမ္မတရုံးတွင် ၂၀၁၈ ခုနှစ် ဇွန်လ ၂၆ ရက်တွင် အများပြည်သူသို့ ထုတ်ပြန်ကြေညာခဲ့သည်။         မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာနသို့ ပေးပို့လာသည့် မူးယစ်ဆေးဝါးသတင်းများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အရ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ဖော်ဖမ်းဆီးခဲ့ရာ ထုတ်ပြန်ချက် ရလဒ် ၁၄၆၈၅ ကြိမ်ခန့် ထုတ်ပြန်နိုင်ခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် UNODC မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်းများ  စစ်ဆေးသည့် လက်ကိုင်စက်ကိရိယာလေးလုံးအား  လွှဲပြောင်းပေးအပ်ပွဲကို နိုဝင်ဘာ ၂၆ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ တရားမဝင် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခြင်းတို့ကို တားဆီးထိန်းချုပ်နိုင်ရေးနှင့် မူးယစ်ဆေးဝါးများ စစ်ဆေးရာတွင် အကျိုးရှိရှိ အသုံး ပြုနိုင်ရန်အတွက် UNODC မှ လှူဒါန်းခြင်းဖြစ်ပြီး လာမည့်ရက်သတ္တပတ်အတွင်း၌လည်း မက်သ်အဖက် တမင်းနှင့် ဓာတုပစ္စည်းများ စစ်ဆေးသည့်ကိရိယာများကို ဆက်လက်လှူဒါန်းမည်ဖြစ်သည်။ အဆိုပါ ပစ္စည်းများ ကို နိုင်ငံတစ်ဝန်း၌ မူးယစ်ဆေးဝါးအဓိက သယ်ဆောင်ရာလမ်းကြောင်းများတွင်ထားရှိ၍ စစ်ဆေးသွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

မူးယစ်ဆေးဝါးများ ပိုမိုဖမ်းဆီးရမိရေးနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များသို့ တိုင်ကြားနိုင်သည့်အပြင် ထူးခြားသည့်ကိစ္စရပ်များနှင့် ကြီးမားသည့် မူးယစ်ဆေးဝါးရောင်း၊ ဝယ်မှုကိစ္စရပ်များကို နိုင်ငံတော်သမ္မတရုံး၏ မူးယစ်ဆေးဝါးအထူးသတင်းတိုင်ကြားရေးဌာန ဖုန်း-၀၆၇ ၅၉၀၂၀၀ သို့ ရုံးချိန်အတွင်း လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်သည်။ မြန်မာနိုင်ငံမူးယစ်ဆေးဝါးပပျောက်ရေးတွင် စဉ်ဆက်မပြတ် ဘက်စုံထောင့်စုံမှ ပူးပေါင်း  ဆောင်ရွက်စေချင်ကြောင်း ။             ။






အခြားဆက်စပ်သတင်းများ