နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်နိုင်ငံရှိ ကျောက်မီးသွေးမိုင်းတွင် ဓာတ်ငွေ့ယိုစိမ့်၍ မိုင်းလုပ်သား ၁၈ ဦး သေဆုံး

ဒီဇင်ဘာ ၅၊

တရုတ်နိုင်ငံc အနောက်တောင်ပိုင်း ချုံကင်းမြို့ရှိ ကျောက်မီးသွေးတွင်းတွင် ကာဗွန်မိုနောက်ဆိုက်ဒ်ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် မိုင်းတူးဖော်ရေးလုပ်သား ၁၈ ဦး သေဆုံးခဲ့ပြီး နောက်ထပ်လူ ၅ ဦး ပျောက်ဆုံးနေသည်ဟု CCTV သတင်းဌာနက ဖော်ပြသည်။ ချုံကင်းမြို့ရှိ တိုင်ရွှေတုန်းမိုင်းတွင်းတွင် ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားခဲ့ပြီးနောက် လူတစ်ဦးကို ကယ်တင်နိုင်ခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့်သောကြာနေ့က ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်လျက်ရှိသည်။ တရုတ်နိုင်ငံတွင် ဖြစ်ပွားလေ့ရှိသည့် မိုင်းတွင်းမတော်တဆမှုများမှာ ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းများကို တင်းကျပ်မှုအားနည်းခြင်းကြောင့်ဖြစ်သည်။
မိုင်းတူးဖော်ရေးလုပ်သားများက မြေအောက်ရှိ စက်ကိရိယာတစ်ခုကို ဖြုတ်နေစဉ် ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားခဲ့ခြင်းဟု CCTV သတင်းဌာနက ဖော်ပြသည်။ အဆိုပါမိုင်းတွင်းကို လွန်ခဲ့သည့် ၂ လလုံးလုံး ပိတ်ထားခဲ့သည်ဟု ဆိုသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ