နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး မဖြစ်မနေထိုးကြရန် ညွှန်ကြားမည်မဟုတ်ဟု ဂျိုးဘိုင်ဒင် ပြော

ဒီဇင်ဘာ ၅၊ ဝါရှင်တန်

အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခွင့်ရရှိပါက မဖြစ်မနေ ထိုးနှံရန် သတ်မှတ်မည်မဟုတ်ကြောင်း ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီဆိုသည့် ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က ပြောသည်။

ကိုယ့်အိမ်မဟုတ်ပါက မည်သည့်အဆောက်အအုံတွင်းမဆို နှာခေါင်းစည်းတပ်ဆင်ထားကြရန် အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးစင်တာ (CDC)က ပထမဆုံးအကြိမ် ပန်ကြားခဲ့ပြီးနောက် ဂျိုးဘိုင်ဒင်က ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ် အကြီးအကျယ် ကူးစက်ပြန့်ပွားသည့်အဆင့် ရောက်ရှိနေပြီဟု CDC က ဆိုသည်။

ပြီးခဲ့သည့်သောကြာနေ့က အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၂၅၀၀ ကျော်၊ လူနာသစ် ၂၂၅၀၀၀ နီးပါးဖြင့် စံချိန်သစ်တင်ခဲ့သည်။ အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၄ ဒသမ ၃ သန်းရှိနေပြီး ၂၇၈၀၀၀ ကျော် သေဆုံးခဲ့သည်။
ဇန်နဝါရီလ ၂၀ ရက်တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုရန် စီစဉ်ထားသည့် ဂျိုးဘိုင်ဒင်က ယင်း၏ကျမ်းသစ္စာကျိန်ဆိုပွဲကိုလည်း အကျဉ်းချုံးသာ ကျင်းပသွားမည်ဟု ဆိုသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ