နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လကမ္ဘာပေါ်တွင် တရုတ်နိုင်ငံ၏ အလံစိုက်ထူ

ဒီဇင်ဘာ ၅၊ ဘေဂျင်း

အမေရိကန်နိုင်ငံက လကမ္ဘာပေါ်တွင် အလံစိုက်ထူခဲ့ပြီးနောက် နှစ် ၅၀ ကျော်အကြာ၌ တရုတ်နိုင်ငံက လကမ္ဘာတွင် အလံစိုက်ထူနိုင်ခဲ့သည်။ တရုတ်နိုင်ငံ အမျိုးသား အာကာသ အာဏာပိုင်အဖွဲ့၏ ဓာတ်ပုံများအရ  ကြယ်ငါးပွင့်ပါသည့် အလံနီကို လကမ္ဘာ၏ မျက်နှာပြင်တွင် စိုက်ထူထားကြောင်း တွေ့ရသည်။

ပြီးခဲ့သည့်ကြာသပတေးနေ့က ကျောက်သားနမူနာများ ရယူခဲ့ပြီးနောက် ကမ္ဘာမြေပေါ်သို့ ပြန်မလာမီ Chang'e-5 အာကာသယာဉ်ပေါ်မှ ကင်မရာဖြင့် တရုတ်နိုင်ငံ၏ အလံစိုက်ထူထားခြင်းကို ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံမှာ ယခင်က လကမ္ဘာခရီးစဉ် ၂ ခု သွားရောက်ခဲ့ဖူးသော်လည်း အလံစိုက်ထူခဲ့ခြင်းမရှိပေ။ အမေရိကန်နိုင်ငံမှာ ၁၉၆၉ ခုနှစ်က Apollo 11 အာကာသယာဉ်၏ လူလိုက်ပါသည့် ခရီးစဉ်တွင် လကမ္ဘာပေါ်၌ အလံစိုက်ထူခဲ့ခြင်းဖြစ်ပြီး ၁၉၇၂ ခုနှစ်အထိ လကမ္ဘာခရီးစဉ်များတွင်လည်း အလံ ၅ ကြိမ် စိုက်ထူခဲ့ဖူးသည်။ ၂၀၁၂ ခုနှစ်က နာဆာအဖွဲ့၏ ဂြိုဟ်တုဓာတ်ပုံများအရ အလံ ၅ ခု ရှိနေကြောင်း တွေ့ရသော်လည်း နေရောင်ဒဏ်ကြောင့် အရောင်လွင့်ပြီး ဖြူဖွေးနေဖွယ်ရှိသည်ဟု ကျွမ်းကျင်ပညာရှင်များက ပြောသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ