နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်စစ်သည်အားလုံးနီးပါးကို ဆိုမာလီနိုင်ငံမှ ပြန်ဆုတ်ခွာရန် ဒေါ်နယ်ထရမ့် ညွှန်ကြား

ဒီဇင်ဘာ ၅၊ ဝါရှင်တန်

ဇန်နဝါရီလ ၁၅ ရက် နောက်ဆုံးထား၍ အမေရိကန်စစ်သည်အားလုံးနီးပါးကို ဆိုမာလီနိုင်ငံမှ ပြန်လည်ဆုတ်ခွာရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ညွှန်ကြားထားကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောသည်။ အယ်လ်ရှာဘတ်၊ IS အဖွဲ့များကို တွန်းလှန်တိုက်ခိုက်နေသည့် ဒေသခံတပ်ဖွဲ့များကို ထောက်ပံ့ကူညီရန်အတွက် ဆိုမာလီနိုင်ငံတွင် အမေရိကန်စစ်သည် ၇၀၀ ဝန်းကျင် ရှိနေသည်။ နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးများလုပ်ရန်အတွက် စစ်သည်အချို့ကို အိမ်နီးချင်းနိုင်ငံများသို့ စေလွှတ်မည်ဖြစ်ကြောင်း အမေရိကန်အရာရှိများက ပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ပြီးခဲ့သည့်လများအတွင်းကလည်း အီရတ်နှင့် အာဖဂန်နစ္စတန်နိုင်ငံများရှိ အမေရိကန်စစ်သည်အင်အားကို လျှော့ချရန် အလားတူအမိန့်များ ထုတ်ပြန်ခဲ့ဖူးသည်။ ဒေါ်နယ်ထရမ့်မှာ ယခင်ကတည်းက အမေရိကန်စစ်သည်များကို မိခင်နိုင်ငံသို့ ပြန်ခေါ်ရန် တိုက်တွန်းခဲ့ပြီး ကုန်ကျစရိတ်များကာ ထိရောက်မှုမရှိသည့် အမေရိကန်စစ်တပ်၏ ကြားဝင်စွက်ဖက်မှုများကို ဝေဖန်ခဲ့သည်။ သို့သော် ဆိုမာလီနိုင်ငံမှ စစ်သည်များကို ပြန်လည်ဆုတ်ခွာခိုင်းပါက လက်နက်ကိုင်များအတွက် အခွင့်အရေး ရစေလိမ့်မည်ဟု ကျွမ်းကျင်ပညာရှင်အချို့က သတိပေးခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ