နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လယ်ယာသုံးစက်ကိရိယာများ ပိုမိုသုံးစွဲရေး

ဒီဇင်ဘာ  ၄


မြန်မာ့လယ်ယာကဏ္ဍသည် စက်မှုလယ်ယာခေတ်ကို ဦးတည်လျှောက်လှမ်းနေပေသည်။ ယခုအခါ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ငွေကြေးအရင်းအနှီးများချေးယူနိုင်သည့် အခွင့်အလမ်းများ ပေါ်ထွန်းလာ နေပြီဖြစ်သည်။ လယ်ယာသုံးစက်ကိရိယာများ အားဖြည့်လာသည်တွင် လယ်ယာလုပ်ငန်းများ တွင်ကျယ်လာ သည်။ လယ်ယာလုပ်ငန်းခွင်တွင် အသုံးတည့်သဖြင့် လယ်သမားတို့ လယ်ယာလုပ်ငန်းခွင်သုံး စက်ကိရိယာများ ဝယ်ယူရရှိရေး အားထည့်ကြရ၏။ ယနေ့ တောင်သူလယ်သမားတို့ စက်စွမ်းအားပြည့်၊ လူစွမ်းအားပြည့် အသုံးချ တတ်လာ၏။ နိုင်ငံတော်အစိုးရသစ်လက်ထက်တွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲဖော်ဆောင်နိုင်ရေး လယ်ယာကဏ္ဍပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်လျက် ရှိသည်။ စက်မှုလယ်ယာမြေစနစ်ဖော်ထုတ်နေရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးပျံ့နှံ့ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ 

ခေတ်မီလယ်ယာသုံးစက်ကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်ရေး၊ ရေရှည်အသုံးပြုနိုင်ရန် ပြုပြင်ထိန်းသိမ်းရေး ကျွမ်းကျင်ပညာရှင်များ မွေးထုတ်လျက်ရှိရာ စက်မှုလယ်ယာဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်း  ကျွမ်းကျင်ပညာရှင်များ လေ့ကျင့်မွေးထုတ်ပေးလျက်ရှိပေသည်။ သမဝါယမလုပ်ငန်းများအနေဖြင့် လက်ရှိ ဆောင်ရွက်လျက်ရှိသည့် အသေးစားအရင်းအနှီးချေးငွေ၊ လယ်ယာသုံးစက်ကိရိယာနှင့် သွင်းအားစုများ         အရစ်ကျရောင်းချရေးလုပ်ငန်းများ အပါအဝင် သမဝါယမလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးအောင် ဆောင်ရွက်လျက် ရှိသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် လယ်ယာသုံးစက်ကိရိယာများ ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၂ ရက်က နေပြည်တော်တွင် ကျင်းပရာ သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဗဟိုသမဝါယမအသင်းမှ တာဝန်ရှိသူများ၊ ကယားပြည်နယ်၊ မွန် ပြည်နယ်နှင့် ရခိုင်ပြည်နယ်မှ သမဝါယမဦးစီးဌာန၊ ပြည်နယ်သမဝါယမအသင်းစုချုပ်များ၊ မြို့နယ်သမဝါယမ အသင်းစု တာဝန်ရှိသူများ တက်ရောက်ကြသည်။ သမဝါယမအသင်းသား တောင်သူများ လိုအပ်လျက်ရှိသော လယ်ယာသုံးစက်ကိရိယာများကို ဈေးနှုန်းသက်သာစွာနှင့် ကာလရှည်အရစ်ကျရောင်းချပေးမည်ဖြစ်ကြောင်းနှင့် ဝယ်ယူရာတွင် အသင်းသားများ၏လက်ဝယ်အရောက် Running Condition နှင့်အညီ ဆောင်ရွက်ပေးမည် ဖြစ်ရာ အသင်းသား တောင်သူတို့ စိတ်အေးချမ်းစွာ ဝယ်ယူအသုံးပြုနိုင်မည်ဖြစ်သည်။

တောင်သူလယ်သမားများ လက်တွေ့ကျကျ ဝင်ငွေတိုးတက်ရရှိခံစားနိုင်ရန်နှင့် မျက်မှောက်ကာလတွင် ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ကဏ္ဍအလိုက် ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိရာ လယ်ယာကဏ္ဍတွင် စက်စွမ်းအားပြည့်သုံးစွဲနိုင်ရေး ကြိုးပမ်းဆောင်ရွက်စေချင်ကြောင်း . . . .  ။           ။






အခြားဆက်စပ်သတင်းများ