နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံ ရွာကျောင်းမှ ကျောင်းဆရာက ကမ္ဘာ့မြတ်ဆရာဆု ဆွတ်ခူး

ဒီဇင်ဘာ ၄၊ နယူးဒေလီ


မိန်းကလေးငယ်များ ပညာရေးတိုးတက်အောင် ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် ချီးကျူးခံခဲ့ရသည့် အိန္ဒိယနိုင်ငံ ရွာကျောင်းမှ ကျောင်းဆရာမှာ ယခုနှစ်အတွက် ပေးအပ်သည့် ကမ္ဘာ့မြတ်ဆရာဆု (Global Teacher Prize) ဆွတ်ခူးခဲ့သည်။ ရန်ဂျစ်ဆင်းဒီဆာလီသည် ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁ သန်း ရရှိသည့်အနက် တစ်ဝက်ကို ဆုမရခဲ့သူများအား ခွဲဝေပေးခဲ့သည်။


အသက် ၃၂ နှစ်ရှိသည့် ဒီဆာလီမှာ အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်ရှိ မိုးခေါင်ရေရှားသည့် ပါရတီဝဒီရွာ၏ ဇီလာပါရီရှက်မူလတန်းကျောင်းတွင် ပညာသင်ကြားခဲ့သူဖြစ်သည်။ ဒီဆာလီမှာ အခြားကျောင်းဆရာ ၁၂၀၀၀ ကို ကျော်ဖြတ်ပြီး ဆုရရှိခဲ့ခြင်းဖြစ်သည်။


''အခုလို ခက်ခဲတဲ့အချိန်မျိုးမှာ ကျောင်းသား၊ ကျောင်းသူတိုင်းရဲ့ မွေးရာပါအခွင့်အရေးဖြစ်တဲ့ ကောင်းမွန်စွာ ပညာသင်ကြားခွင့်ရရှိရေးအတွက် ဆရာ၊ ဆရာမအားလုံး အကောင်းဆုံး ကြိုးပမ်းနေ ကြပါတယ်'' ဟု ဒီဆာလီက ပြောသည်။


ဒီဆာလီသည် ချို့တဲ့နွမ်းပါးသည့် မိန်းကလေးငယ်များ ကျောင်းတက်ခွင့်ရရှိပြီး အမှတ်ကောင်းကောင်း ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်းကြောင့် ကမ္ဘာ့မြတ်ဆရာဆု ရွေးချယ်သည့်ဒိုင်များ၏ ချီးကျူးခြင်း ခံခဲ့ရသည်။ ဒီဆာလီသည် နိုင်ငံ ၈၃ နိုင်ငံမှ တပည့်များအတွက် အွန်လိုင်းမှတစ်ဆင့် သိပ္ပံသင်ခန်းစာများ သင်ကြားပေးနေပြီး ပဋိပက္ခဖြစ်ပွားရာ ဇုန်များရှိ လူငယ်များကြား အဆက်အသွယ်လုပ်နိုင်မည့် နိုင်ငံတကာ စီမံကိန်းကိုလည်း တည်ထောင်ခဲ့သူဖြစ်သည်။


အခမဲ့ သင်္ချာကျူရှင်ဝက်ဘ်ဆိုက် တည်ထောင်ခဲ့သည့် ဗြိတိန်နိုင်ငံသား ကျောင်းဆရာ ဂျေမီဖရော့မှာ ယခုနှစ်အတွက် အထူးဆုဖြစ်သည့် ကိုဗစ်သူရဲကောင်းဆု ရရှိခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ