နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သမ္မတသက်တမ်း ရက် ၁၀၀ အတွင်း နှာခေါင်းစည်းတပ်ဆင်ရန် ပြည်သူများကို ပန်ကြားသွားမည်ဟု ဆို

ဒီဇင်ဘာ ၄၊ ဝါရှင်တန်


COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးရန်အတွက် ပထမသက်တမ်း ရက် ၁၀၀ အတွင်း အမေရိကန်နိုင်ငံသားများကို နှာခေါင်းစည်းတပ်ဆင်ကြရန် ပန်ကြားသွားမည်ဟု အမေရိကန်သမ္မတ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီဆိုသည့် ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က ပြောသည်။


အမေရိကန်ပြည်သူအားလုံး နှာခေါင်းစည်း၊ Face Shield များ တပ်ဆင်ပါက COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု သိသိသာသာ လျော့ကျသွားမည်ဟု ယုံကြည်ထားကြောင်း ဂျိုးဘိုင်ဒင်က ပြောသည်။ အမေရိကန်အစိုးရ အဆောက်အအုံတိုင်းတွင် နှာခေါင်းစည်းတပ်ဆင်ရန် ညွှန်ကြားချက် ထုတ်ပြန်သွားမည်ဟု ယင်းက ဆိုသည်။


အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ ၁၄ သန်း ရှိနေပြီး သေဆုံးသူ ၂၇၅၀၀၀ ရှိသည်။ ''သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့မှာ ရက် ၁၀၀ တိုင်တိုင် နှာခေါင်းစည်းတပ်ဆင်ကြဖို့ ပြည်သူလူထုကို ကျွန်တော် ပန်ကြားသွားမှာပါ။ ရက် ၁၀၀ ပဲ နှာခေါင်းစည်းတပ်ပေးကြပါ။ အမြဲတပ်စရာမလိုပါဘူး။ ရက် ၁၀၀ တည်းပါ။ အဲဒီလိုသာဆိုရင် ကူးစက်ခံရသူ သိသိသာသာ လျော့သွားမယ်။ ကာကွယ်ဆေးထိုးပြီး နှာခေါင်းစည်းသာ တပ်ဆင်ကြမယ်ဆိုရင် တော်တော်လေး လျော့ကျသွားမှာပါ'' ဟု ဂျိုးဘိုင်ဒင်က ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ