နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရုပ်နှင့် သကြားလုံးပါဆယ်ထုပ်များအတွင်း ရှားပါးတွားသွားသတ္တဝါများ တွေ့ရှိ

ဒီဇင်ဘာ ၄၊ ဘာလင်


မက္ကဆီကိုနိုင်ငံမှ တင်ပို့သည့် အရုပ်နှင့် သကြားလုံး ပါဆယ်ထုပ်များအတွင်း ရှားပါးတွားသွားသတ္တဝါ ၂၆ ကောင်ကို ဂျာမနီလေဆိပ်၏ အကောက်ခွန်အရာရှိများက စစ်ဆေးတွေ့ရှိခဲ့သည်။ ရှားပါးတွားသွားသတ္တဝါ ၂၆ ကောင်အနက် ၁၀ ကောင်မှာ သေဆုံးလျက်ရှိကြောင်း တွေ့ရသည်။


အချို့အကောင်များမှာ အဝတ်အရုပ်များအတွင်း ထည့်ချုပ်ခံထားရခြင်းကြောင့် သေဆုံးခဲ့ခြင်းဟု ကိုလုံးဘွန်းလေဆိပ်အကောက်ခွန် ဌာနက ထုတ်ပြန်ခဲ့သည်။
ဦးချိုပါသည့် ပုတ်သင်များ၊ မိကျောင်းပုတ်သင်များ၊ လိပ်ရင်ကျိုးများမှာ မျိုးသုဉ်းပျောက်ကွယ်မည့် သတ္တဝါများစာရင်းတွင် ပါဝင်နေပြီး ဂျာမနီနိုင်ငံရှိ ပုဂ္ဂလိက ဝယ်လက်များထံ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။


အဆိုပါသတ္တဝါများမှာ ကမ္ဘာလုံးဆိုင်ရာ လွှမ်းခြုံသည့် CITES သဘောတူစာချုပ်အရ စောင့်ရှောက် ကာကွယ်ရမည့် မျိုးစိတ်များစာရင်းတွင် ပါဝင်သည်။



Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ