နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အဒေါ့ဖ်ဟစ်တလာနှင့် နာမည်တူသည့် နမီးဘီးယားနိုင်ငံရေးသမား ရွေးကောက်ပွဲအနိုင်ရ

ဒီဇင်ဘာ ၄၊ ဝင်ဟော့


နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာနှင့် နာမည်တူသည့် နမီးဘီးယားနိုင်ငံရေးသမားမှာ ဒေသဆိုင်ရာ ရွေးကောက်ပွဲများတွင် သောင်ပြိုကမ်းပြို အနိုင်ရရှိခဲ့သည်။ အဒေါ့ဖ်ဟစ်တလာအူနိုနာဟု အမည်ရသည့် နမီးဘီးယားနိုင်ငံရေးသမားမှာ ပြီးခဲ့သည့်ရက်သတ္တပတ်တွင် အမ်ပန်ဒါမဲဆန္ဒနယ်၏ ကောင်စီဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။


နမီးဘီးယားနိုင်ငံမှာ တချိန်က ဂျာမနီနိုင်ငံ၏ ကိုလိုနီနယ်မြေဖြစ်ခဲ့ခြင်းကြောင့် အဒေါ့ဖ်ဆိုသည့် နာမည်မှာ အသုံးနည်းသည့် နာမည်မဟုတ်ပေ။ ဂျာမနီသတင်းစာ Bild နှင့် အင်တာဗျူးလုပ်ချိန်တွင် အဒေါ့ဖ်ဟစ်တလာအူနိုနာက ဖခင်ဖြစ်သူက အဒေါ့ဖ်ဟစ်တလာကို အစွဲပြု၍ အဆိုပါနာမည်ပေးခဲ့သော်လည်း ယင်းအနေဖြင့် အဒေါ့ဖ်ဟစ်တလာဆိုသည့် နာမည်၏ အဓိပ္ပာယ်ကို နားမလည်ကြောင်း၊ ယင်းမှာ နာဇီဒဿနနှင့် ပတ်သက်ဆက်နွှယ်မှုမရှိကြောင်း ပြောခဲ့သည်။


''ကျွန်တော် ကလေးဘဝတုန်းက ဒီနာမည်ကို မသိဘူး။ သာမန်နာမည်လို့ပဲ ထင်ခဲ့တယ်။ အသက်ကြီးလာတော့မှ ဒီလူက တစ်ကမ္ဘာလုံးကို အုပ်စိုးချင်ခဲ့တာပဲလို့ နားလည်လာတယ်။ ကျွန်တော်ကတော့ အဲဒီကိစ္စတွေနဲ့ မဆိုင်ပါဘူး'' ဟု အဒေါ့ဖ်ဟစ်တလာအူနိုနာက ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ