နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးကောင်းမြို့နှင့် မိုးကုတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု

မိုးကောင်း မေ ၄

မေ ၃ ရက်၊ ညနေ ၅ နာရီအချိန်၌ မိုးကောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိုးကောင်းမြို့၊ (၃)မိုင်လမ်းဆုံတွင် ပိတ်ဆို့စစ်ဆေးနေစဉ် ကညင်မြိုင် ကျေးရွာဘက်မှ မိုးကောင်းဘက်သို့ ကျော်မောင်(၄၀)နှစ်မောင်းနှင်ပြီး အောင်ကျော်သိန်း(ခ) မောင်ပြောင်း(၃၉)နှစ် နောက်ထိုင်လိုက်ပါလာသော ဆိုင်ကယ်အား တားဆီးစစ်ဆေးရာ ဆိုင်ကယ်ဂွကြားရှိ လက်ဆွဲခြင်းအတွင်းမှ ဆပ်ပြာခွက် ၃၀ ခွက်ဖြင့် ထည့်လျက် ဘိန်းဖြူ ၂၇၀ ဂရမ် ဖမ်းဆီးရမိခဲ့သဖြင့် ကျော်မောင်နှင့် အောင်ကျော်သိန်း(ခ)မောင်ပြောင်းတို့ ၂ ဦး(ဖမ်းမိ)အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရစစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။

 မေ ၃ ရက်၊ မွန်းတည့် ၁၂ နာရီအချိန်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မိုးကုတ်မြို့နယ်၊ တောင်ကချင်ရပ်ကွက် နေအောင်ကျော်စိုး(ခ) အောင်အောင်(၃၆)နှစ်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ အောင်ကျော်စိုး(ခ) အောင်အောင်နှင့် ၎င်း၏ဖခင် ဦးမြငြိမ်း(ခ) ဦးပု(၆၄)တို့ ၂ ဦးအား တွေ့ရှိပြီး နေအိမ်အနောက် ဘက်ခြံရှိ ချုံပုတ်အတွင်းမှ ဆေးခြောက်ပင် ၆၀ ပင် အလေးချိန် ၁ ကီလိုခန့်နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် အောင်ကျော်စိုး(ခ) အောင်အောင် နှင့် ဦးမြငြိမ်း(ခ)ဦးပုတို့ ၂ ဦး(ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေအရစစ်ဆေးအရေးယူ လျက်ရှိကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ