နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကော့သောင်းမြို့နှင့် လားရှိုးမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှု

ကော့သောင်း မေ ၄

မေ ၃ ရက်၊ နံနက် ၁၁ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်၊ တပင်ရွှေထီး လမ်း၊ (၃)ခန်းတွဲ တန်းလျား၊ အခန်း(၁)နေ ဖြိုးမင်းဦး(ခ)ဖိုးခွား ၏ အခန်းအား ရှာဖွေရာ နေအိမ် အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၁,၄၆၀ ပြား၊ ဘိန်းစာမှုန့် သုည ဒသမ ၀၆ ကီလို၊ လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ၁၂၁၅ အချိန် ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ တပ်ကုန်းလမ်း၊ အမှတ်(၃၇၅)ရှိ စိုးမင်းထွန်း(ခ)သားကြီး(ခ) ကလင်၏ နေအိမ်အား ရှာဖွေရာ နေအိမ် အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂,၁၅၀ ပြား၊ မြန်မာငွေ ၆၀,၀၀၀ ကျပ် နှင့် လက်ကိုင်ဖုန်း တစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ဖြိုးမင်းဦး(ခ)ဖိုးခွား(၃၄နှစ်)၊ စိုးမင်းထွန်း(ခ) သားကြီး(ခ) ကလင် (၃၉)နှစ်တို့ အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေ အရ အရေးယူထားကြောင်း သိရသည်။

အလားတူ မေ ၃ ရက်၊ ည ၈ နာရီ ၁၀ မိနစ်အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ နမ့်တွန်းကျေးရွာအုပ်စု၊ နမ့်ဟူးကျေးရွာ (၁၃)မိုင်စုနေ မလူရှောက်ဆီ၏ နေအိမ်ကိုရှာဖွေရာ နေအိမ်အတွင်းရှိ အစိမ်းရောင်ပုံးအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄၈,၂၀၀ ပြား၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် မလူရှောက်ဆီ (၄၃)နှစ်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။         

ဆွေဦး






အခြားဆက်စပ်သတင်းများ