နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိုင်ဂရေးဒေသသို့ အထောက်အပံ့ပစ္စည်းများ ပို့ဆောင်ရန် ကုလသမဂ္ဂနှင့် အီသီယိုးပီးယားနိုင်ငံ သဘောတူညီမှုရရှိဟု ဆို

ဒီဇင်ဘာ ၃၊ အက်ဒစ်အဘာဘာ


ပဋိပက္ခဖြစ်ပွားနေသည့် တိုင်ဂရေးဒေသသို့ အထောက်အပံ့ပစ္စည်းများ ပို့ဆောင်ရန် ကုလသမဂ္ဂနှင့် အီသီယိုးပီးယားနိုင်ငံကြား သဘောတူညီမှု ရရှိခဲ့ပြီဟု ကုလသမဂ္ဂ အရာရှိများက ပြောသည်။ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် ချင့်ချိန်သုံးသပ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ အဘရူက ပြောသည်။ သဘောတူညီချက် ရရှိခဲ့ပြီဆိုသည့်သတင်းနှင့်ပတ်သက်၍ အီသီယိုးပီးယားအစိုးရက မှတ်ချက်ပေးခြင်း မရှိသေးပေ။


အီသီယိုးပီးယား ပြည်ထောင်စုအစိုးရတပ်ဖွဲ့နှင့် တိုင်ဂရေးအာဏာရပါတီကို ထောက်ခံသည့် တိုင်ဂရေးပြည်သူ့လွတ်မြောက်ရေးတပ်ဦး(TPLF)ကြား တစ်လကြာ တိုက်ပွဲဖြစ်ပွားလျက်ရှိရာ လူရာပေါင်းများစွာ သေဆုံးခဲ့သည်ဟု သတင်းများက ဖော်ပြသည်။ ထို့အပြင် လူသန်းပေါင်းများစွာအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ ပြတ်လပ်နေသည်။ ပြီးခဲ့သည့်အားလပ်ရက်က တိုင်ဂရေးဒေသမြို့တော် မီကယ်လီကို သိမ်းပိုက်နိုင်ခဲ့သည်ဟု အီသီယိုးပီးယားအစိုးရက ပြောသည်။


သို့သော် မီကယ်လီမြို့အနီးတွင် ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း (TPLF) တပ်ဖွဲ့ဝင်များက ဆိုသည်။ အထောက်အပံ့ပစ္စည်းများ ပေးအပ်ခွင့်ပြုရန် သဘောတူညီခဲ့ပြီဆိုသော သတင်းနှင့်ပတ်သက်၍ (TPLF) တပ်ဖွဲ့ကလည်း မှတ်ချက်ပေးခြင်းမရှိသေးပေ။ တိုင်ဂရေးဒေသသို့ ဝင်ထွက်သွားလာခွင့် ရရှိရေးအတွက် အီသီယိုးပီးယားအစိုးရနှင့် ပူးပေါင်း၍ ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့တစ်ဖွဲ့ တည်ထောင်ထားသည်ဟု ကုလသမဂ္ဂ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ