နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လာမည့်ရက်သတ္တပတ်မှစတင်၍ ဗြိတိန်နိုင်ငံတွင် Pfizer ကိုဗစ်ကာကွယ်ဆေး တရားဝင် ထိုးနှံခွင့်ပြု

ဒီဇင်ဘာ ၃၊ လန်ဒန်


လာမည့်ရက်သတ္တပတ်မှစတင်၍ Pfizer ကိုဗစ်ကာကွယ်ဆေးကို တရားဝင် ထိုးနှံခွင့်ပြုမည်ဟု ဗြိတိန်နိုင်ငံက ကြေညာခဲ့သည်။ Pfizer နှင့် BioNTech ဇီဝနည်းပညာကုမ္ပဏီများ ပူးပေါင်းဖော်စပ်ခဲ့သည့် ကာကွယ်ဆေးမှာ COVID-19 ရောဂါကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်စွမ်း ရှိသည်ဟု ကနဦးရလဒ်များတွင် ဖော်ပြထားသည်။


လာမည့်ရက်သတ္တပတ်မှစတင်၍ Pfizer ကာကွယ်ဆေးကို ထိုးနှံခွင့်ပေးမည်ဟု ဗြိတိန်နိုင်ငံ ဆေးဝါးနှင့် ကျန်းမာရေးဝန်ဆောင်မှု ထုတ်ကုန်ပစ္စည်းများဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေးအေဂျင်စီ (MHRA) က ပြောသည်။ သက်ကြီးရွယ်အိုများ၊ ရောဂါကူးစက်လွယ်သည့် လူနာများ စသည့် အရေးတကြီးလိုအပ်နေသူများအတွက် မကြာမီရက်ပိုင်းအတွင်း ကာကွယ်ဆေး ထိုးနှံပေးသွားဖွယ်ရှိနေသည်။ ဗြိတိန်နိုင်ငံက Pfizer ကာကွယ်ဆေး အဖုံ သန်း ၄၀ ဝယ်ယူထားရာ ၂ ကြိမ်ထိုးရသည့်အတွက် လူသန်း ၂၀ ကို ကာကွယ်ဆေး ထိုးပေးနိုင်မည်ဖြစ်သည်။


လာမည့်ရက်ပိုင်းအတွင်း ဗြိတိန်နိုင်ငံသို့ ကာကွယ်ဆေး အဖုံ ၈ သိန်း ရောက်ရှိလာမည်ဖြစ်ပြီး အချိန်တိုအတွင်း ကာကွယ်ဆေး အဖုံ ၁၀ သန်း ပို့ဆောင်နိုင်ဖွယ် ရှိသည်။ ဗြိတိန်နိုင်ငံတွင် ဆေးရုံ ၅၀ နီးပါး အသင့်ပြင်ဆင်ထားပြီး ကာကွယ်ဆေးထိုးနှံရေးစင်တာများ တည်ထောင်လျက်ရှိသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ