နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အချစ်ဖြင့် ဂျီဟတ်လုပ်မှု ဆန့်ကျင်ရေးဥပဒေအရ အိန္ဒိယတွင် မွတ်စလင်အမျိုးသားတစ်ဦးကို ဖမ်းဆီး

ဒီဇင်ဘာ ၃၊ နယူးဒေလီ


ဟိန္ဒူအမျိုးသမီးတစ်ဦးကို အစ္စလာမ်ဘာသာသို့ ဝင်ရောက်အောင် ကြိုးပမ်းခဲ့သည်ဆိုသော မွတ်စလင်အမျိုးသားတစ်ဦးကို အိန္ဒိယနိုင်ငံ ဥတ္တာပရာဒက်ရှ်ပြည်နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ အဆိုပါအမျိုးသားမှာ အချစ်ဖြင့် ဂျီဟတ်လုပ်ခြင်းကို ပစ်မှတ်ထားသည့် ဘာသာကူးပြောင်းခိုင်းမှု ဆန့်ကျင်ရေး ဥပဒေသစ်အရ ပထမဆုံး ဖမ်းဆီးခံရသူ ဖြစ်သည်။


မွတ်စလင်အမျိုးသားများက ဟိန္ဒူအမျိုးသမီးများကို လက်ထပ်ပြီး အစ္စလာမ်ဘာသာသို့ သွတ်သွင်းနေသည်ဆိုသော စွပ်စွဲမှုများကို အချစ်ဖြင့် ဂျီဟတ်လုပ်သည်ဟု သုံးနှုန်းသည်။ သို့သော် ဘာသာကူးပြောင်းခိုင်းမှု ဆန့်ကျင်သည့်ဥပဒေကြောင့် နာကြည်းခံပြင်းမှုများ ဖြစ်ပေါ် ခဲ့ပြီး အစ္စလာမ်မုန်းတီးမှုဖြစ်သည်ဟု ဝေဖန်သူများက ဆိုသည်။


အနည်းဆုံး အိန္ဒိယနိုင်ငံ၏ ပြည်နယ်လေးခုတွင် အချစ်ဖြင့် ဂျီဟတ်လုပ်ခြင်းကို ဆန့်ကျင်သည့်ဥပဒေများ ရေးဆွဲထားသည်။ အဆိုပါအမျိုးသားက သမီးဖြစ်သူကို အစ္စလာမ်ဘာသာသို့ ကူးပြောင်းဝင်ရောက်ရန် ဖိအားပေးပြီး မဝင်ပါက အသက်အန္တရာယ်ပြုမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ပြီးခဲ့သည့်ရက်သတ္တပတ်တွင် အမျိုးသမီး၏ဖခင်က တိုင်ချက်ဖွင့်ခဲ့သည်။


အမျိုးသမီးမှာ မွတ်စလင်အမျိုးသားနှင့် ချစ်ကြိုက်ခဲ့သော်လည်း ယခုနှစ်အစောပိုင်းတွင် အခြားသူ တစ်ဦးနှင့် လက်ထပ်ခဲ့သည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က အဆိုပါအမျိုးသားကို ဖမ်းဆီးခဲ့ပြီးနောက် ရမန်ကြီးတစ်ပတ် ချုပ်ရက်ယူခဲ့သည်။ သို့သော် ယင်းအနေဖြင့် အပြစ်မရှိကြောင်း၊ အမျိုးသမီးနှင့် ပတ်သက်ဆက်နွှယ်ခြင်းမရှိကြောင်း အဆိုပါအမျိုးသားက ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ