ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ အုပ်ချုပ်ရေးမှူးရုံးတွင် မတ် ၂၈ ရက်၊ နံနက် ၉ နာရီခွဲက အမှတ် (၄) ရပ်ကွက်၊ ဗာဒံပင်ဆိပ်လမ်းနေ ကိုသန်းဦး + မသီတာအေး၊ နန်းထိုက်ရွှေဆိုင်မိသားစုမှ COVID-19 ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သောပစ္စည်းများဝယ်ယူရန် အတွက် ငွေကျပ် ငါးသိန်း အား အလှူရှင်ကိုယ်စား ဦးကျော်ဆန်း (မြို့နယ်သတင်းထောက်) က ပေးအပ်လှူဒါန်းရာ မြို့နယ်အဆင့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီမှ ဆပ်ကော်မတီဘဏ္ဍာရေးမှူး ဦးနိုင်လင်းအောင်က လက်ခံရယူခဲ့စဉ်။ ကိုကျော်(သုံးခွ)