နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖုန်းပြောင်းလဲအသုံးပြုသူများ CB Pay App ကို Register ထပ်မံပြုလုပ်ရန် မလို

ရန်ကုန်  ဒီဇင်ဘာ  ၂

CB Pay App အသုံးပြုသူများအနေဖြင့် မိုဘိုင်းလ် Device တစ်ခုမှ အခြား Device တစ်ခုသို့ ပြောင်းလဲအသုံးပြုပါက CB Pay ကို အသစ်ထပ်ဖွင့်ရန် မလိုဘဲ Register ပြုလုပ်ရန်လည်း မလိုအပ်ပေ။ ပြောင်းလဲအသုံးပြုလိုသည့်အခါ အဆင်ပြေလွယ်ကူစေရန် CB pay အသုံးပြုသူများသိရှိစေရန် ဆောင်ရွက်ပုံ အဆင့်ဆင့်ကို ဖော်ပြပေးလိုက်သည်။

ပြောင်းလဲအသုံးပြုလိုသည့် New Device (ဖုန်းအသစ်) တွင် CB Pay Application ကို Download ပြုလုပ်ထားရမည်။ ထို့နောက်  Terms and Conditions များကို Accept ပြုလုပ်ပြီး Welcome to CB Pay အောက်တွင် Log in ကိုရွေးချယ်ပေးပြီး  CB Pay ကို Registered လုပ်ထားခြင်း ရှိ၊ မရှိ မေးခွန်းတွင် Yes ကိုနှိပ်ပေးရမည်။ Log in by OTP နှင့် Switch Device တွင် Switch Device ကို ရွေးချယ်လိုက်ပါက QR ကို Scan ဖတ်ရန် ပေါ်လာပါက လက်ရှိ CB Pay အသုံးပြုလျက်ရှိသည့် ဖုန်းအဟောင်းရှိ CB Pay Setting မှတစ်ဆင့် Switch Device ကိုရွေးချယ်ပြီး ပေါ်လာသည့် QR ကို တစ်မိနစ်အတွင်း Scan ဖတ်ပေးရမည်။  ပြောင်းလဲအသုံးပြုလိုတဲ့ New Device (ဖုန်းအသစ်) တွင် Activate ပြုလုပ်ခြင်း လုပ်ငန်းစဉ်အောင်မြင်ပြီး CB Pay ဝန်ဆောင်မှုများကို စတင်အသုံးပြုနိုင်ပြီဖြစ်သည်။

'CB Pay ကို အသုံးပြုပြီး Mobile Phone မှတစ်ဆင့် ဘဏ်ဝန်ဆောင်မှုများစွာကို အချိန်မရွေး ရယူ အသုံးပြုနိုင်ပြီဖြစ်သည်။ CB Pay Application Download Link: http://onelink.to/cbpay  တွင် ရယူနိုင်ပြီဖြစ်သည်။

(WP)






အခြားဆက်စပ်သတင်းများ