နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
realme 7i ဝယ်ယူခြင်းဖြင့် လက်ဆောင်ပစ္စည်းများပါ ရယူနိုင်ပြီ

ဒီဇင်ဘာ  ၁


အလန်းစားပုံရိပ်များကို ရိုက်ကူးပေးနိုင်မည့် 64MP AI Quad Camera ပါဝင်ခြင်း၊ မြန်ဆန်လှသည့် အသုံးပြုမှုအတွေ့အကြုံအသစ်ကို ရရှိခံစားစေနိုင်မည့် 90Hz Ultra Smooth Display တို့အပြင်  ကြိုက်နှစ်သက်ရာ ဂိမ်းများကို အကောင်းမွန်ဆုံးဆော့ကစားနိုင်မည့် Snapdragon 662 နှင့်အတူ ကြီးမား သည့် 5000 mAh ဘက်ထရီကိုမှ 18W Quick Charge အားအမြန်သွင်းစနစ် ထောက်ပံ့ပေးထားသည့် realme 7i ကို နီးစပ်ရာ realme အရောင်းကောင်တာများတွင် ဒီဇင်ဘာ ၁ ရက်မှစတင်၍ အလွယ်တကူ ၀ယ်ယူနိုင်ပြီဖြစ်သည်။

realme 7i ၀ယ်ယူသူများအနေဖြင့် မေတ္တာလက်ဆောင်အနေဖြင့် realme Gift Box နှင့်အတူ Mytel Bundles ( up to 10GB + 1000 On-Net Min) တို့ပါ ရရှိမည်ဖြစ်သည်။  

စုံလင်လှတဲ့လုပ်ဆောင်ချက်များအပြင် အချိန်မရွေးနေရာမရွေး အလှပဆုံးဓာတ်ပုံများကို ဖမ်းယူရိုက်ကူး ပေးနိုင်သည့် realme 7i (8GB + 128GB) ၏ 64MP AI Quad Camera ကြောင့် ရိုက်ကူးလိုက်သည့် ပုံရိပ်များသည် ကြည်လင်ပြတ်သားမှုအပြည့်ဖြင့် ရာနှုန်းပြည့်စိတ်ကျေနပ်မှု ရရှိစေမည်ဖြစ်သည်။

realme 7i (RAM 8GB + 128GB ROM) ၏ စျေးနှုန်းကို မြန်မာငွေ 309,900 Ks ဖြင့် မြန်မာတစ်ပြည်လုံးရှိ နီးစပ်ရာ realme အရောင်းကောင်တာရှိ ဖုန်းအရောင်းဆိုင်ကြီးများ ၀ယ်ယူရရှိနိုင်ပြီဖြစ်သည်။

(WP)






အခြားဆက်စပ်သတင်းများ