နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
‌တစ်ပိုင်တနိုင် စိုက်ပျိုးရေးအလေ့အထမှသည်

ရန်ကုန်   နိုဝင်ဘာ  ၃၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည်  ကျေးလက်ဒေသဖွံ့ဖြိုးရေးမဟာဗျူဟာမူဘောင်နှင့်အညီ ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင်အခွင့် အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်း များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည်တိုးတက်လာစေရန်    ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်မှစတင်အကောင်အထည်ဖော်လျက်ရှိ သည်။ မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်သည့် ကျေးလက်တစ်ယူနစ်လျှင် အရင်းမပျောက်လည်ပတ်    ရန်ပုံငွေကျပ်သန်း ၃၀ မတည်ပေးလျက်ရှိသည်။ ဆင်းရဲနွမ်းပါးသူများ စားဝတ်နေရေး မကြောင့်မကြရန် လိုအပ်ရာ အလုပ်အကိုင်ရရှိရေးသည် အဓိက ကျသည်။

မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ခြင်းဖြင့် ကျေးလက်လူဦးရေ ၇ ဒသမ ၆ သန်းအား အကျိုးပြုလျက် ရှိပြီး ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားလာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာများရရှိလာ ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ တိုးပွားလာသော ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ယခုအခါ နိုင်ငံတဝန်း ဆီထွက်သီးနှံ မြေပဲ၊ နေကြာ၊ နှမ်း၊ ပဲအမျိုးမျိုးကို ဆောင်းသီးနှံအဖြစ် အဓိကထား စိုက်ပျိုးလာကြသည်။ ဆောင်းသီးနှံများ စိုက်ပျိုးရာတွင် လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများက ပံ့ပိုး  ဆောင်ရွက်ပေးလျက်ရှိရာ တောင်သူများဘဝတိုးတက်လာစေရန် ဘက်ပေါင်းစုံမှ ကူညီဆောင်ရွက်ပေးလျက်ရှိ သည်။ လက်ရှိဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် ကျေးလက်ဒေသများတွင် အိမ်ခြံမြေများအတွင်း တစ်ပိုင်တနိုင် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ စိုက်ပျိုးလာကြသည်။ မိသားစုစားသုံးနိုင်သည့်အပြင် ဝင်ငွေရရှိရေး ကိုလည်း အထောက်အပံ့ဖြစ်စေသည်။ ရာသီပေါ် ဟင်းသီးဟင်းရွက်များဖြစ်သော ဟင်းနုနယ်၊ဆလပ်၊ ချဉ်ပေါင်၊ မုန်ညှင်း၊ မုန်လာ၊ ခရမ်းပင်၊ ရုံပတီသီးများ အိမ်နောက်ဖေးဈေးဆိုင်တည် လျက်ရှိသည်။ အိမ်တိုင်းအိမ် တိုင်း မြေကွက်လပ်များတွင် တစ်ပိုင်တနိုင် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခြင်းဖြင့် အာဟာရလည်းပြည့်ဝ ဝင်ငွေလည်း တိုးပွားစေသည့် သီးနှံအမယ်များ တိုးချဲ့စိုက်ပျိုးခြင်းဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလ အိမ်  နောက်ဖေး ဈေးဆိုင်တည်ခြင်းဖြင့် ဝင်ငွေတိုးပွားစေချင်ကြောင်း။           ။






အခြားဆက်စပ်သတင်းများ