နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျိုးဘိုင်ဒင်က အမျိုးသမီးသီးသန့်ပါဝင်သည့် သတင်းထုတ်ပြန်ရေးအဖွဲ့ ခန့်အပ််

နိုဝင်ဘာ  ၃၀၊ ဝါရှင်တန်

အမေရိကန်သမ္မတ ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီဆိုသည့် ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်က အမျိုးသမီးသီးသန့်ပါဝင်သည့် သတင်းထုတ်ပြန်ရေးအဖွဲ့ ခန့်အပ်ခဲ့သည်။ အမျိုးသမီးသီးသန့် သတင်း ထုတ်ပြန်ရေးအဖွဲ့ ခန့်အပ်ခြင်းမှာ အမေရိကန်နိုင်ငံသမိုင်းတွင် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဂျိုးဘိုင်ဒင်၏ ရုံးက ဆိုသည်။

ဂျိုးဘိုင်ဒင်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့တွင် ဆက်ဆံရေးဆိုင်ရာ လက်ထောက်ဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သူ ကိတ်ဘီဒင်ဖီးလ်က အဆိုပါအဖွဲ့ကို ဦးဆောင်မည်ဖြစ်သည်။ သမ္မတ (ဟောင်း) အိုဘားမား လက်ထက်တွင် အိမ်ဖြူတော်၏ ဆက်ဆံရေးဒါရိုက်တာအဖြစ် ဆောင်ရွက်ခဲ့သူ ယန်ဆာကီက အိမ်ဖြူတော်၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာမည်ဟု ဆိုသည်။

အမေရိကန်နိုင်ငံကို ထင်ဟပ်စေမည့် ကျား၊ မ အရောင်အသွေးစုံလင်သည့် အစိုးရအဖွဲ့ ဖွဲ့စည်းသွားမည်ဟု ဂျိုးဘိုင်ဒင်က ကတိပြုထားသည်။ '' အမျိုးသမီးသီးသန့်ပါဝင်တဲ့ အိမ်ဖြူတော်ရဲ့ စီနီယာဆက်ဆံရေးအဖွဲ့ ဖွဲ့စည်းလိုက်ပြီလို့ ကြေညာခွင့်ရတာ ဂုဏ်ယူပါတယ်။

အရည်အချင်းရှိပြီး အတွေ့အကြုံရင့်ကျက်တဲ့ ဆက်ဆံရေးအရာရှိတွေက သူတို့ရဲ့လုပ်ငန်းတာဝန်တွေအတွက် အတွေးအမြင် စုံလင်စေပြီး ဒီနိုင်ငံကို ပြန်လည်ကောင်းမွန်အောင် တည်ဆောက်ဖို့ ဘုံသဘောထားရှိကြပါတယ်''ဟု ဂျိုးဘိုင်ဒင်က ထုတ်ပြန်ခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ