နိုဝင်ဘာ ၃၀
ထမင်းမစားခင် ပဋိဇီဝဆေးသောက်ရမည်ဆိုပါလျှင် ထမင်းမစားခင် နာရီ၀က်အလိုမှာ ဆေးသောက် ပါ။ ထမင်းမစားခင် ၂ မိနစ်လောက်အလိုမှ အချိန်ကပ်၍ ဆေးမသောက်ပါနှင့်။ အကြောင်းမှာ အစာနှင့် ဆေးသောက်ချိန်နီးလွန်းလျှင် အချို့သောဆေးများက အစားအစာနှင့်အတူ အစာခြေအင်္ဂါအဖွဲ့အစည်းထဲသို့ ရောနှောပါသွားပြီး၊ ဆေးစွမ်းသတ္တိများ ဓာတ်ပြယ်သွားစေပါသည်။
ထမင်းစားပြီးနောက် ပဋိဇီဝဆေးသောက်ရမည်ဆိုပါလျှင် ထမင်းစားပြီးနောက် ၅ မိနစ် (သို့မဟုတ်) ၁၀ မိနစ်ခန့်ကြာမှ ဆေးသောက်ပါ။ အကြောင်းမှာ အချို့ဆေးများက အစာအိမ်ကိုအနှောင့်အယှက်ပြု၍ မအီမသာဖြစ်စေသလို၊ အချို့ဆေးများကလည်း အစာဟောင်းနှင့်ရော၍ မစင်အဖြစ်ပါသွားနိုင်သဖြင့် ဆေးမတိုးတော့ပေ။
ဗိုက်တာမင်အားဆေးတစ်ခုခု မှီဝဲရမည်ဆိုပါလျှင် ဆေးသောက်ရန် အကောင်းဆုံးအချိန်က နေ့လယ် စာ ထမင်းစားပြီးနောက် ၅ မိနစ် (သို့မဟုတ်) ၁၀ မိနစ်ခန့်ကြာမှ သောက်ရပါမည်။ ဗိုက်ထဲ မည်သည့်မျှ အစာမရှိဘဲ အားဆေးလုံးများကို လုံးဝမသောက်ပါနှင့်။ အကြောင်းမှာ အထူးသဖြင့် ဗီတာမင်ဘီနှင့် ဗီတာမင်စီအားဖြည့်ဆေးများသည် ဆီး(ကျင်ငယ်ရည်)အဖြစ် ချက်ချင်းစွန့်ပါသွားသည့်အတွက် ဆေး အာနိသင်ပျက်ပြယ်သွားကာ သောက်သမျှအားဆေး အချည်းနှီးဖြစ်စေသည်။
အထူးသတိပြုရန်မှာ နေကောင်းသွားသည့်တိုင်အောင် သောက်လက်စဆေးကို မိမိသဘောနှင့် ရပ်မပစ်ပါနှင့်။ ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးပတ်လည်အောင်ဆက်သောက်ပါ။ အကြောင်းမှာ အဖျားကျသွားသော်လည်း၊ ခန္ဓာကိုယ်ထဲမှာ ငုပ်လျှိုးကျန်ရစ်နေသေးသည့် အင်အားကြီးအဖျားပိုးက လူကို ထပ်မံဖျားနာစေတတ်သည်။ ထို့ကြောင့် ရောဂါကိုအမြစ်ပြတ်ချေမှုန်းသည့်အနေဖြင့် ဆေးညွှန်းကုန်အောင် ဆက်သောက်ပါ။
ပေါက်ပေါက်