နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပဲခူးတိုင်းဒေသကြီး၊ ဘုရားကြီးမြို့တွင် ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဘုရားကြီး နိုဝင်ဘာ ၂၉

 နိုဝင်ဘာ ၂၉ ရက်၊  မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့အထွက် ရွှေသံလွင်ပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ဘုရားကြီးမြို့ဘက်မှ ဝေါမြို့ဘက်သို့ နေအောင်၊ မောင်းနှင်လာသည့် အဖြူရောင် ၁၂ ဘီးအမျိုးအစား မော်တော်ယာဉ်ကိုရှာဖွေရာ ကားခေါင်းနှင့် နောက်ဘော်ဒီကြားအတွင်းမှ ဆာလာအိတ် များဖြင့်ထည့်လျက် စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပါသည်။

အဆိုပါ ယာဉ်မောင်းအား စစ်ဆေးဖော်ထုတ်ချက်အရ ရဲဝင်းအောင်နှင့် ဖြိုးဝေအောင် တို့မှာ Suzuki အမျိုးအစားမော်တော်ယာဉ်ဖြင့် မူးယစ် ဆေးဝါးများ သယ်ဆောင်ရာတွင် ရှေ့ပြေး လမ်းပြယာဉ် အဖြစ်မောင်းနှင် သွားကြောင်းသိရှိရသဖြင့် အဆိုပါ မော်တော်ယာဉ်အား ကျိုက်ထို မြို့နယ်၊ စစ်တောင်းတံတားတွင် ဖမ်းဆီးရမိခဲ့သဖြင့် နေအောင်(၃၇)နှစ်၊ ရဲဝင်းအောင်(၂၇)နှစ်၊ ဖြိုးဝေအောင်(၂၃)နှစ်တို့အား ဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ဖမ်းဆီးရမိ စိတ်ကြွရူးသွပ်ဆေးပြား များကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်မှ မွန်ပြည်နယ်၊ မော်လမြိုင်မြို့သို့ သယ်ဆောင် ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ