မန္တလေး မေ ၃
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးမှတစ်ဆင့် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ပန်လည်အုပ်စု၊ ဆေးခင်းကျေးရွာနေ အိမ်ထောင်စု ၂၁၆ စုအတွက် မန္တလေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး+ဒေါ်နွဲ့နွဲ့ဝင်း မိသားစုက အိမ်ထောင်စုတစ်စုလျှင် ကြက်သွန်နီ ၂ ပိဿာနှုန်းဖြင့် ကြက်သွန်နီ ၄၃၂ ပိဿာ၊ မဟာအောင်မြေမြို့နယ် စိန်းပန်းကပ်ထူရပ်နေ ဒေါ်မြင့်မြင့်ကြည်၊ ဒေါ်ဝင်းမာ(သူနာပြု)၊ ဒေါ်နွယ်နွယ်စန်း(တရားလွှတ်တော်ရှေ့နေ) ညီအစ်မများက ဆန်အိတ် ၆ အိတ်၊ အားလူး ၂၁၆ ပိဿာ၊ ပဲဆီ ၅၀ ကျပ်သားဝင် ၂၁၆ ဘူး၊ ချမ်းအေးသာစံမြို့နယ် ပြည်ကြီးပျော်ဘွယ် အနောက်ရပ်နေ ဦးမြတ်ထွန်းဝင်း (တရားလွှတ်တော်ရှေ့နေ)+ ဒေါ်အေးအေးမြင့် မိသားစုက ကြက်ဥ ၂၂၀ဝ လုံး၊ ပြည်ကြီးတံခွန်မြို့နယ် စက်မှုဇုန်(၁)နေ မိုးနန္ဒကားပစ္စည်းဆိုင်မိသားစုက ဆန် ၂၀ အိတ်၊ ဦးဝင်းမြင့်+ဒေါ်ခင်ရွှေ မိသားစုက ကြက်ဥ ၁၂၀ဝ လုံး၊ ဦးမြင့်သိန်း+ဒေါ်နွယ်နွယ်ဝင်း (နဂါးနီလျှပ်စစ်)မိသားစုက ဆန် ၁၀ အိတ်တို့ကို မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးသို့ မေ ၂ ရက် မွန်းလွဲ ၁ နာရီက လာရောက်လှူဒါန်းရာ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးတို့က လက်ခံရယူပြီး ဂုဏ်ပြူလွှာ ပြန်လည်ပေးအပ်စဉ်။
မောင်ပြည်သူ(မန္တလေး)