နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကူးစက်ရောဂါဘေးမှ ကင်းဝေးစေ‌ရေး လိုက်နာဆောင်ရွက်

ရန်ကုန်   နိုဝင်ဘာ  ၂၉


ယနေ့အချိန်သည် မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသော COVID-19 ကူးစက်ရောဂါပျံ့နှံ့မှုဘေးနှင့် ကြုံတွေ့နေရ သည်မှာ တစ်နှစ်နီးပါးရှိလာပြီဖြစ်သည်။ ကမ္ဘာတစ်ဝန်း ကူးစက်ရောဂါပိုး ကူးစက်ပြန့်ပွားသည့် အရှိန်နှုန်းက ဒုတိယလှိုင်း၊ တတိယလှိုင်းအဖြစ် တိုးမြှင့်နေဆဲဖြစ်ရာ မြန်မာပြည်သူများအနေဖြင့် ပေါ့ဆစွာ မနေသင့်ပေ။ ယနေ့ဖြစ်ပေါ်နေသော အခြေအနေအရ ကူးစက်ရောဂါပျံ့နှံ့မှုကျဆင်းရေး၊ သေဆုံးသူကျဆင်းရေးအတွက် ပြည်သူ့ကျန်းမာရေးနည်းဗျူဟာများအနက် ကျန်းမာရေးအသိပညာပေးနှိုးဆော်မှုများပင်ဖြစ်ရာ ပိုမိုအားဖြည့် ဆောင်ရွက်ကြရာတွင် လိုက်နာမှုအားနည်းလျက်ရှိသည်။ ရပ်သူရွာသားတို့ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ရောဂါဘေးမှ ကင်းဝေးစေချင်သည်။

မြန်မာနိုင်ငံတွင် COVID-19 လူနာဖြစ်ပွားမှု၊ သေဆုံးမှုအခြေအနေအရ နိုဝင်ဘာ ၂၈ ရက်၊ ည ၈ နာရီအထိ စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာစုစုပေါင်း ၁၀၃၂၆၂၀ ဦး၊ ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၈၇၉၇၇ ဦး၊ ဆေးရုံဆင်း ခွင့်ရသူ ၆၇၅၈၈ ဦး၊ သေဆုံးသူလူနာ ၁၈၈၇ ဦးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။ ရောဂါပိုးကူးစက်ပြန့်ပွားနိုင်မှုသည် နေရာတိုင်းတွင် ဖြစ်နေနိုင်သည်ကို အချိန် ကြာလာသည်နှင့်အမျှ ပိုမိုသေချာလာနေကြောင်း ဖော်ပြနေသည်။ သို့ဖြစ်ရာ COVID-19 ရောဂါပိုး ကူးစက် ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်လာသည့်အတွက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ထုတ်ပြန်ထားသော ပြည်သူသို့ပြန်ကြားချက်၊ အမိန့်၊ အမိန့်ကြေညာစာ ညွှန်ကြားချက်(ဖြေလျှော့၊ တိုးမြှင့်ရန်လိုအပ်သည့် ကိစ္စရပ်များမပါ)အား ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၅ ရက်နေ့အထိ ရက်တိုးမြင့်သတ်မှတ် ဆောင်ရွက်ထားကြောင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီမှ အသိပေးကြေညာချက် ထုတ်ပြန် ထားသည်။

COVID-19 ရောဂါဖြစ်ပွားမှုကြောင့် ကန့်သတ်မှုများနှင့် ကြုံတွေ့နေရသော အခြေအနေတွင် မှန်မှန်အိပ်၊ မှန်မှန်စား၊ ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်ပြုလုပ်ခြင်းဖြင့် ရောဂါကွင်းဆက်ကို ထိရောက်စွာ တုံ့ပြန်ပြီး သတ်မှတ် ထားသော ကန့်သတ်ချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်သည်။ မိမိ မိသားစုဝင်များ၊ အခြားသူများကို COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်ရေးအတွက် တတ်နိုင်သမျှ မိမိအိမ်တွင် နေထိုင်ရန်၊ လူစုလူဝေး  နေရာများကို မလိုအပ်ဘဲ (လုံးဝ) မသွားကြရန်၊ ပါးစပ်၊ နှာခေါင်းစည်း(Mask)၊ မျက်နှာအကာ (Face Shield) ကို အပြင်သွားလာသည့်အချိန်တိုင်း တပ်ဆင်ရန်၊ အခြားသူများနှင့် တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ပြောဆို  ဆက်ဆံကြရန်၊ လက်ကိုရေနှင့်ဆပ်ပြာအသုံးပြု၍ စက္ကန့် ၂၀ ကြာ စနစ်တကျ မကြာခဏဆေးကြောရန် (သို့မဟုတ်) လက်သန့်စင်ဆေးရည်နှင့် ‌ဆေးကြောကြရန် နှိုးဆော်ထားသည်ကို ပြည်သူအများမဖြစ်မနေ ကျင့်ဆောင်လိုက်နာစေချင်ကြောင်း ။            ။






အခြားဆက်စပ်သတင်းများ