နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရောဂါဓာတ်ခွဲစစ်ဆေးမှု နှောင့်နှေးကြန့်ကြာမှု မရှိစေရန် 500 KVA မီးစက်အကြီးလိုအပ်နေဟု ပြော

ရန်ကုန်   မေ  ၃

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (NHL) တွင် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများ  နှောင့်နှေးကြန့်ကြာမှု မရှိစေရန် 500 KVA မီးစက်အကြီးလိုအပ်နေကြောင်း (NHL) က ဒုတိယညွှန်ကြား ရေးမှူး(ဓာတ်ခွဲ) ပါမောက္ခ  ဒေါက်တာဌေးဌေးတင်က ပြောသည်။ (NHL) ရန်ကုန်တွင် COVID-19 ရောဂါပိုးကို Polymerase Chain Reaction(PCR) နည်းဖြင့် စစ်ဆေးနေခြင်းဖြစ်ပြီး၊ Cobas 6800 စက်နှင့် စစ်ဆေးနိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။

ထို့ကြောင့် ပြည်ပမှ ပြန်လည်ဝင်ရောက်လာမည့် တစ်သိန်းကျော်ခန့်ရှိရွှေ့ပြောင်းလုပ်သားများကို ဓာတ်ခွဲ စစ်ဆေးနိုင်ရန်အတွက် နိုင်ငံတော်မှ အမြန်ဆုံးစီစဉ်ဆောင်ရွက်နိုင်ရန် လိုအပ်နေကြောင်းပြောသည်။
                                           
မြင့်မြတ်အောင်မြင်






အခြားဆက်စပ်သတင်းများ