နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သန်လျင် Orange စင်တာတွင် လုံခြုံရေးဝန်ထမ်းကို ရိုက်နှက်ကာ အမည်မသိ မျက်နှာဖုံးစွပ် လူနှစ်ဦးက ဖုန်းနှစ်လုံး လုယူမှုဖြစ်ပွား

ရန်ကုန်၊  နိုဝင်ဘာ  ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ဗိုလ်ချုပ်နေဝင်းလမ်းမကြီး၊ မြို့မဈေး အရှေ့ဘက်၊ မြို့သစ် အနောက်ရပ်ကွက်ထိပ်ရှိ Orange စင်တာတွင် တာဝန်ထမ်းဆောင်နေသော လုံခြုံရေး ဝန်ထမ်းတစ်ဦးအား ရိုက်နှက်ကာ အမည်မသိ မျက်နှာဖုံးစွပ်လူနှစ်ဦးက နိုဝင်ဘာ ၂၇ ရက် နံနက် ၂ နာရီခန့်က ဖုန်းနှစ်လုံး လုယူ ထွက်ပြေးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ လုံခြုံရေးတာဝန်ထမ်းဆောင်နေသူ အသက် ၆၀ နှစ်အရွယ်ခန့် အမျိုးသားက Orange စင်တာ ဘေးဘက်တွင် ထိုင်ခုံဖြင့်ထိုင်နေစဉ် အမည်မသိ မျက်နှာဖုံးစွပ် လူနှစ်ဦးက ရောက်ရှိလာပြီး ရိုက်နှက်ကာ ၄င်းကိုင်ဆောင်ထားသည့် Touch Screen ဖုန်းတစ်လုံးနှင့် Orange စင်တာ ရုံးသုံး Keypad ဖုန်းတစ်လုံးတို့ကို  လုယူခဲ့ကြောင်း သိရသည်။
ထိုသို့ ရိုက်နှက်ခံရခြင်းကြောင့် Orange စင်တာ လုံခြုံရေးတာဝန်ထမ်းဆောင်နေသူသည် နဖူး နှစ်ချက်ကွဲ ဒဏ်ရာရရှိပြီး၊ အမှုဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံများကို အမြန်ဆုံး ဖမ်းဆီးရမိနိုင်ရေးအတွက် သန်လျင်မြို့မရဲစခန်းက အမှုကို စစ်ဆေးဆောင်ရွက်လျက်ရှိနေကြောင်း သိရသည်။

(မြင့်မြတ်အောင်မြင်)






အခြားဆက်စပ်သတင်းများ