နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
HUAWEI Y7a နှင့် HUAWEI MatePad T10s တို့ကို Pre-Order မှာယူခြင်းဖြင့် လက်ဆောင်ပစ္စည်းများပါ ရယူနိုင်ပြီ

နိုဝင်ဘာ  ၂၈

အားသွင်းမြန်ဆန်သည့် 22.5W HUAWEI SuperCharge နှင့်ကြီးမားသည့် 5000 mAh ဘက်ထရီ၊ ကြည်လင်ပြတ်သားသောပုံရိပ်များကို ရိုက်ကူးနိုင်မည့် 48MP Quad AI Camera၊ ဓာတ်ပုံ၊ ဗီဒီယိုနှင့် ဂိမ်းများကို စိတ်ကြိုက်သိမ်းဆည်းနိုင်မည့် ကြီးမားသည့် 128GB Storage၊ ၆ ဒသမ ၆၇ လက်မအကျယ်ရှိ ကြီးမားကျယ်ပြန့်သော FHD+ Display တို့နှင့် HUAWEI Y7a ကို ဈေးနှုန်း ၂၄၉,၀၀၀ ကျပ်ဖြင့် နိုဝင်ဘာ ၂၀ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ Pre-Order တင်ပြီး မှာယူနိုင်ပြီဖြစ်သည်။ Pre-Order Gift အနေဖြင့် Thermos Bottle နှင့် Mytel sim card စတင်အသုံးပြုမည့်သူများအတွက် Data 6GB နှင့် 600 mins တို့ကိုပါ လက်ဆောင်ရရှိနိုင် မည်ဖြစ်သည့်အပြင် First Sale Gift အနေဖြင့်လည်း ထီးလက်ဆောင်ကိုပါ ထပ်မံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ HUAWEI Y7a ၏ အသေးစိတ်သိရှိလိုပါက ဖော်ပြပါလင့်ခ် https://consumer.huawei.com/mm/phones/y7a/ ထဲတွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီဖြစ်သည်။

HUAWEI Y7a အပြင် ကြီးမားကျယ်ပြန့်သည့် ၁၀ ဒသမ ၁ လက်မ 1920 x 1200 FHD display၊ အဆင့်မြင့် dual-speaker နှင့် Harmon Kardon တို့ပေါင်းစပ်ထားပြီး အချိုးကျသည့်အသံကိုဖန်တီးပေးထားသော အသံစနစ်၊ အပြာရောင်အလင်းတန်းများကို လျှော့ချပေးနိုင်သည့် TUV Rheinland Certified Eye Comfort နှင့် ကလေးတို့အတွက် သီးသန့်ကမ္ဘာလေး ဖန်တီးပေးနိုင်မည့် Kids Corner စသည့် အမိုက်စား feature များပါဝင်သည့် HUAWEI MatePad T10s ကို ဈေးနှုန်း (၃၃၉,၀၀၀) ကျပ်ဖြင့် Pre-Order မှာယူထားနိုင်ပြီဖြစ်သည်။

Pre-Order လက်ဆောင်များအနေဖြင့် Flip Cover၊ Thermos Bottle၊ Huawei Cloud Storage (15GB) နှင့် Mytel simcard စတင်အသုံးပြုသူများအတွက် Data 10GB နှင့် 1000mins တို့ကိုပါ လက်ဆောင်ပါ ရရှိမည်ဖြစ်သည့်အပြင် First Sale Gift အနေဖြင့်လည်း ထီးလက်ဆောင်ကိုပါ ထပ်မံပေးသွားမည်ဖြစ်သည်။ HUAWEI MatePad T10s အသေးစိတ်ကို ဖော်ပြပါလင့်ခ် https://consumer.huawei.com/mm/tablets/matepad-t-10s/ ထဲတွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီဖြစ်သည်။                                                           

(WP)






အခြားဆက်စပ်သတင်းများ