နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်သူကိုဗဟိုပြု အလေးထား

နိုဝင်ဘာ  ၂၈

မြန်မာနိုင်ငံတွင် နိုင်ငံရေးပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုများကို မြင်တွေ့နေရပြီဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်လာရေးအတွက် လက်တွေ့ကျကျအကောင်အထည်ဖော်ရာတွင်  နိုင်ငံတော်တည်ငြိမ်အေးချမ်းသာယာရေးသည် အရေးကြီးလှပေသည်။ လွတ်လပ်ပွင့်လင်းမှု၊ လုပ်ချင်ရာလုပ်လိုမှု တို့ မရှိဖို့လိုမည်ဖြစ်သည်။ အများပြည်သူတို့ လွတ်လပ်စွာနေထိုင်လှုပ်ရှားမှုများကို ခွင့်ပြုထားသော်လည်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေမည့် လှုပ်ရှားမှုများကို ကာကွယ် စောင့်ရှောက် ပေးကြရပေသည်။

ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးသည် နိုင်ငံတစ်နိုင်ငံ၊ ဒေသတစ်ခုအတွက် လိုအပ်ချက် တစ်ရပ်ပင်ဖြစ်သည်။ ရပ်ရွာအေးချမ်းသာယာမှ ကောင်းမွန်သော အသက်မွေးဝမ်းကြောင်းပြုနိုင်ပြီး လူမှုဘဝ လှပမည်ဖြစ်သည်။ အထူးသဖြင့် ရပ်ရွာအေးချမ်းသာယာမှုနှင့် လူမှုဘဝလုံခြုံရေးကို ဖျက်ဆီးတတ်သော ဒုစရိုက်မှု၊ အနိုင့်အထက်ပြုကျင့်မှုကို မပေါ်ပေါက်စေရန် အကာအကွယ်ပေးခြင်းသည် အားလုံးတွင် တာဝန်ရှိ သကဲ့သို့ သက်ဆိုင်ရာတို့တွင်လည်း တာဝန်ရှိပေသည်။ ပြည်သူများဘဝကို မျက်ကွယ်မပြုသကဲ့သို့ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ထာဝစဉ် အကာအကွယ်ပေးရေးတွင် သက်ဆိုင်ရာ လုံခြုံရေးဆိုင်ရာမှာ တာဝန်ရှိပေသည်။
မည်သို့ပင်ဖြစ်စေကာမူ လုံခြုံရေးအသိ၊ လုံခြုံရေးမျက်စိရှင်သန်နေရန်လိုအပ်ပေသည်။

နိုးကြားတက်ကြွ သောအသိရှိနေရပါမည်။ သို့ဖြစ်ရာ ပြည်သူများအနေဖြင့် မိမိတို့ကျရာအခန်းကဏ္ဍမှ တက်တက်ကြွကြွ ပူးပေါင်းပါဝင်ကြရန်နှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော အဓိကအဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက် ခြင်းဖြင့် အဖျက်အမှောင့်များကို ကြိုတင်တားဆီးကာကွယ်ဖော်ထုတ်နိုင်မည်ဖြစ်ပေသည်။ ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ လက်နက်ကိုင်ဆောင်ထားသူများနှင့် ကွင်းဆက်များအား ဖော်ထုတ်ဖမ်းဆီး ရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်၌ နိုဝင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းတွင် လူအုပ်စုနှစ်စု ခိုက်ရန်ဖြစ်ပွားမည်ဟု သတင်းရရှိသဖြင့် ယင်းနေရာတစ်ဝိုက် စောင့်ကြည့်ဆောင်ရွက်ရာမှ ၆၆ ရပ်ကွက်၊ ဧရာဝဏ်လမ်းဘေးတွင် မော်တော်ယာဉ်တစ်စီးနှင့် ယာဉ်ပေါ်ပါ ယင်းရပ်ကွက်နေ သုံးဦးထံမှ ၉ မမ ပစ္စတို သေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည် ၁၀ တောင့်၊ ပွိုင့် ၂၂ ပစ္စတိုသေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည် ၁၂ တောင့်၊ ဓားဦးချွန်တစ်ချောင်း သိမ်းဆည်းရမိပြီး ယင်းသုံးဦးသည် လောင်းကစားပြုလုပ်သူများဖြစ်ပြီး နယ်မြေအသီးသီးသို့ လှည့်လည်လောင်းကစားပြုလုပ်ကြောင်း သိရပေသည်။ ဆက်စပ်တရားခံ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာ နေအိမ်ခြံဝင်းတစ်ခုမှ ဂက်စ်ဖြင့် ပစ်ခတ်ရသည့် သေနတ်အရှည် ရှစ်လက်၊ အတို လေးလက် နှင့် ထည့်သွင်းအသုံးပြုရသော ဘောစေ့များ၊ ဒူးလေးတစ်လက်၊ သေနတ်တွင်တပ်ဆင်သည့် ဂက်စ်အိုးငယ် တစ်ခု၊ ဂက်စ်ဖြည့်ဘူး ခုနစ်ဘူး၊ စနိုက်ပါမှန်ပြောင်းသုံးခု၊ ကင်ဒိုဓားတစ်ချောင်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်ထားရာ ရန်ကုန်မြို့တော်ကြီးတွင် ဥပဒေမဲ့ လက်နက်ကိုင်ဆောင်သူများ များပြားစွာရှိနေမည် ဟု ယူဆရပေသည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့အတွက် ဥပဒေစိုးမိုးရေးကို ဖိဖိစီးစီး ကိုင်တွယ်ရန် လိုအပ် နေပြီဖြစ်ပေသည်။

ယနေ့အချိန်အခါကာလတွင် အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး နှင့် တရားဥပဒေစိုးမိုးရေး အလေးထားဆောင်ရွက်သင့်ပါကြောင်း . . . . ။         ။






အခြားဆက်စပ်သတင်းများ