နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပင်ဆယ်ဗေးနီးယားတွင် ဂျိုးဘိုင်ဒင်ကို အနိုင်ရသူအဖြစ် မသတ်မှတ်ရန် ဒေါ်နယ်ထရမ့် မဲဆွယ်စည်းရုံးရေးအဖွဲ့၏ တင်ပြချက် ပယ်ချခံရ

နိုဝင်ဘာ ၂၈၊ ဝါရှင်တန်

ပင်ဆယ်ဗေးနီးယားပြည်နယ်တွင် ဂျိုးဘိုင်ဒင်ကို အနိုင်ရသူအဖြစ် ကြေညာခြင်းမပြုရန် ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့က ကြိုးပမ်းမှုကို အမေရိကန်ပြည်ထောင်စု အယူခံတရားရုံးက ပယ်ချခဲ့သည်။ ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့က ခိုင်မာသည့် စွပ်စွဲချက်များ သို့မဟုတ် သက်သေအထောက်အထား ပြနိုင်ခြင်းမရှိသည့်အတွက် အဆိုပါစွဲချက်မှာ ခိုင်လုံခြင်းမရှိဟု တရားသူကြီးသုံးဦးပါဝင်သည့်အဖွဲ့က သတ်မှတ်ခဲ့သည်။

ပင်ဆယ်ဗေးနီးယားပြည်နယ်မှ စာတိုက်မဲ သန်းပေါင်းများစွာကို အကျုံးမဝင်ဟု သတ်မှတ်ပေးရန် အောက်တရားရုံးသို့ လျှောက်ထားရာတွင် ပယ်ချခံရခြင်းကြောင့် ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့က ၃ ခရိုင် အယူခံတရားရုံးသို့ တင်ပြချိန်တွင် ထပ်မံပယ်ချခံရခြင်းဖြစ်သည်။

အဆိုပါဆုံးဖြတ်ချက်မှာ နိုဝင်ဘာလ ၃ ရက်က ကျင်းပခဲ့သည့် သမ္မတရွေးကောက်ပွဲရလဒ်ကို ပြင်ဆင်ပြောင်းလဲနိုင်ရန် ဒေါ်နယ်ထရမ့်၏ ကြိုးပမ်းမှုအတွက် နောက်ထပ်ထိုးနှက်ချက်တစ်ရပ် ဖြစ်သည်။ ဂျိုးဘိုင်ဒင်ကို အနိုင်ရသူအဖြစ် တရားဝင်သတ်မှတ်ပါက အိမ်ဖြူတော်မှ ဖယ်ပေးမည်ဟု ပြီးခဲ့သည့်ကြာသပတေးနေ့တွင် ဒေါ်နယ်ထရမ့်က ပြောခဲ့သည်။ သို့သော် ပြီးခဲ့သည့်သောကြာနေ့တွင် ဂျိုးဘိုင်ဒင်က မဲမသမာမှု အကြီးအကျယ် ကျူးလွန်ခဲ့သည်ဟု ထပ်မံစွပ်စွဲခဲ့သည်။ '' သူ့ရဲ့အဓိပ္ပာယ်မရှိတဲ့ မဲ ၈ သန်းက မတော်မတရား ရထားတာမဟုတ်ဘူးဆိုတာ သက်သေပြနိုင်မှ အိမ်ဖြူတော်ကို သမ္မတအဖြစ် ဂျိုးဘိုင်ဒင် ဝင်လာခွင့်ရမှာပါ''ဟု ဒေါ်နယ်ထရမ့်က ဆိုခဲ့သည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ