နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဝါးပင်ရှားပါးပြတ်လပ်၍ ကနေဒါနိုင်ငံက ပန်ဒါဝက်ဝံကြီးနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်ပို့

နိုဝင်ဘာ ၂၈၊ ဘေဂျင်း

ကနေဒါနိုင်ငံတွင် ဝါးပင်များ ရှားပါးပြတ်လပ်ခြင်းကြောင့် ပန်ဒါဝက်ဝံကြီးနှစ်ကောင်ကို တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ရသည်။ COVID-19 ကပ်ရောဂါတွင် ကနေဒါနိုင်ငံသို့ လတ်ဆတ်သည့် ဝါးပင်များ တင်ပို့နိုင်ခြင်းမရှိသည့်အတွက် ရှားပါးပြတ်လပ်မှု ဖြစ်ပေါ်ခဲ့ရာ ကယ်ဂါရီတိရစ္ဆာန်ရုံမှ အားရှန်နှင့် ဒါမော်ဟု အမည်ပေးထားသည့် ပန်ဒါဝက်ဝံကြီး ၂ ကောင်ကို ပြီးခဲ့သည့်မေလကတည်းက တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် ကြိုးပမ်းခဲ့သည်။

ပန်ဒါဝက်ဝံကြီး ၂ ကောင်အတွက် နိုင်ငံတကာခရီးသွားလာခွင့်ရရှိရန် လပေါင်းများစွာ ကြိုးပမ်း ခဲ့ခြင်းကြောင့် အချိန်ကြာမြင့်ခဲ့ခြင်းဖြစ်သည်။ အားရှန်နှင့် ဒါမော်တို့သည် ၂၀၁၄ ခုနှစ်က ကနေဒါနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ကနေဒါနှင့် တရုတ်နိုင်ငံကြား သဘောတူညီချက်အရ ကနေဒါနိုင်ငံတွင် ၁၀ နှစ် နေထိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ နှစ်နိုင်ငံကြား စိတ်ကောင်းစေတနာရှိမှု ဖော်ပြမှုအဖြစ် တရုတ်နိုင်ငံက ပန်ဒါဝက်ဝံနှစ်ကောင်ကို အငှားပေးအပ်ခဲ့ခြင်းဖြစ်သည်။ ပန်ဒါကြီးများ၏ စားစရာ ၉၉ ရာခိုင်နှုန်းမှာ လတ်ဆတ်သည့် ဝါးပင်ဖြင့် လုပ်ထားခြင်းဖြစ်ပြီး အရွယ်ရောက်ပြီး ပန်ဒါကြီးတစ်ကောင်မှာ တစ်နေ့လျှင် ဝါး ၄၀ ကီလိုဂရမ် (၈၈ ပေါင်) စားနိုင်သည်ဟု ဆိုသည်။

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ