ပြင်ဦးလွင်၊ မေ ၃
၂၀၂၀ ပြည့်နှစ်၊ မေလ ၅ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ လ/ထညွှန်ကြားရေးမှူး ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ပြင်ဦးလွင် မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းခြင်း ဆောင်ရွက်ခဲ့သည်ကို မေ ၃ ရက်၊ နံနက်ပိုင်းက တွေ့ရစဉ်။
(သူရိန်)