နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သတိမူဆင်ခြင်၊ အစဉ်သုံးစေချင်

နိုဝင်ဘာ  ၂၇


သမစိတ်ဓာတ်ဟူသည် ဖြောင့်မတ်သော၊ မှန်ကန်သော၊ ရိုးသားသော၊ မျှတသောစိတ်ဓာတ်ပင်ဖြစ်၏။ သမစိတ်ဓာတ်သည်သာ လုပ်ကိုင်မှုအားလုံးအတွက် ဖြောင့်မတ်မှတ်ကန်သောလမ်းကြောင်းကို ဖော်ဆောင် ပေးနိုင်သည်။ လူတိုင်းလူတိုင်း အစွဲလေးရှိကြသည်။ အယူအဆအစွဲ၊ လူမျိုးစွဲ၊ ဒေသစွဲ၊ ဝါဒစွဲ စသည်ဖြင့် ရှိကြ၏။ ထိုအစွဲတို့အနက် ငါစွဲခေါ် အတ္တစွဲသည် အဆိုးဆုံးဖြစ်၏။ အတ္တအစွဲသည် သမစိတ်ဓာတ်ကို ပျက်စီးစေ၏။ လူအများစုသည် ကိုယ်လုပ်တာမှအဟုတ်ထင်ကြသည်။ ဤသည်မှာ သမစိတ်ဓာတ်အားနည်းပြီး အတ္တစိတ် လွန်ကဲခြင်းကြောင့်ပင်ဖြစ်၏။ အလုပ်တစ်ခုကို အခြားလူတစ်ဦးက အချိန်ယူလုပ်ကိုင်နေပါက နှေးကွေးသည်ဟု မြင်၏။  ထိုအလုပ်ကို မိမိလုပ်လျှင် အခြားသူနှင့်မတူ၊ မအောင်မြင်မရှိ၊ တစ်ကြိမ်ကြိုးစား၍မရလျှင် နောက် တစ်ကြိမ် ကြိုးစားမည်ဟုဆို၏။ သူမကြည်လျှင် ကိုယ်မကြည်၊ သူမမှု၍ ကိုယ်မမှု၊ သူဂရုမစိုက်လျှင် ကိုယ်လည်း ဂရုမစိုက် စသည်ဖြင့် စိတ်ဓာတ်ရေးရာပျက်ပြားစေ၏။

သမစိတ်ဓာတ်သည် စိတ်ကောင်း၊ နှလုံးကောင်းမှလာ၏။ စိတ်ထားဖြူစင်အောင် ဦးစွာထားသင့်၏။ သို့မှသာ အကြောင်းအရာတစ်ခုပေါ်တွင် ချင့်ချိန်နိုင်၏။ သမစိတ်ဓာတ်ထားပြီး လုပ်ကိုင်ဆောင်ရွက်ကြသဖြင့် အချင်းအချင်း အပြန်အလှန်လေးစားကြ၏။ ချစ်ခင်လေးစား၊ ယုံကြည်မှု၊ အားကိုးမှုတို့ကိုလည်း တည်ဆောက် နိုင်၏။ သမစိတ်ဓာတ်သည် ညီညွတ်ခြင်းကိုဖြစ်စေ၏။ ငါဟူသော အတ္တမာနကို ခဝါချပြီး တော်သင့်မှန်ကန် ဖြောင့်မတ်သည့်စိတ်ထားကို အစဉ်ထားရှိမွေးမြူအပ်ပေသည်။ မရသင့်သည့်အရာကို လုပ်မိခြင်း၊ မတောင်းဆို သင့်သည့်အရာကို တောင်းဆိုခြင်းသည်ကား ပင်ပန်းလွန်းလှ၏။ မှန်ကန်သောဉာဏ်အသိဖြင့် ဆင်ခြင်သုံးသပ် နိုင်မှ ဘဝအေးချမ်းနိုင်၏။ လူသည် အမှားအယွင်းရှိတတ်၏။ အမှားကင်းသူဟူ၍ မရှိကြ။ အနည်းအများရှိ၏။ ထိုအခါ မိမိကိုယ်ကို ပြန်လည်ထိန်းကျောင်းတည့်မတ်ရ၏။ ဒီမိုကရေစီခေတ်ကာလတွင် ပွင့်လင်းမြင်သာမှုနှင့် လူ့အခွင့်အရေးရရှိမှုတို့ အားကောင်းလာပြီဖြစ်ရာ တစ်စုံတစ်ရာ ကြုံတွေ့လာပါက အမြန်ဆုံးတုံ့ပြန်ဆောင်ရွက် တတ်ဖို့လိုအပ်သည်။ မှန်ကန်သောအသိဉာဏ်ဖြင့် လောကီ၊ လောကုတ္တရာအကျိုးပေးနိုင်သည့် ဉာဏ်အသိ တစ်လုံးကို အစဉ်သုံးစေချင်ကြောင်း . . . . ။         ။






အခြားဆက်စပ်သတင်းများ