နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရီးရဲလ်မက်ဒရစ် နည်းပြ ဇီဒန်းက တိုက်စစ်မှူး ဗက်ဇ်ကွက်ကို စာချုပ်သစ်ချုပ်ဆိုရန် အသင်းဘုတ်အဖွဲ့ကို တိုက်တွန်း

နိုဝင်ဘာ  ၂၇


ရီးရဲလ်မက်ဒရစ်အသင်း နည်းပြ ဇီဒန်းက တိုက်စစ်မှူး ဗက်ဇ်ကွက်ကို စာချုပ်သစ်ချုပ်ဆိုရန် အသင်း ဘုတ်အဖွဲ့ ကို တိုက်တွန်းခဲ့ကြောင်း သိရသည်။

တိုက်စစ်မှူး ဗက်ဇ်ကွက်သည် ရီးရဲလ်မက်ဒရစ်အသင်းတွင် ဆက်လက်ကစားနိုင်သည့် ခြေစွမ်းမျိုး ပိုင်ဆိုင် ထားသကဲ့သို့ စာချုပ်သစ်ကမ်းလှမ်းမှုဖြင့် ထိုက်တန်သည့် ကစားသမားဖြစ်ကြောင်း နည်းပြ ဇီဒန်းက ပြောသည်။

“ဗက်ဇ်ကွက်ဟာ အသင်းအတွက် ပါဝင်ကစားပေးခွင့်ရတိုင်း အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။ သူ့ကို ကျွန်တော်တို့ဘက်ကလည်း တန်ဖိုးထားသွားမှာဖြစ်ပါတယ်။ သူဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ယောက်ပါ။ ဒါကို အသင်းက ကောင်းစွာသိထားပါတယ်။ ဒါကြောင့် သူနဲ့ထိုက်တန်တဲ့ ကမ်းလှမ်းမှုမျိုး ရမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူ့အနေနဲ့ အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုမယ်လို့ ယုံကြည်ပါတယ်”ဟု နည်းပြ ဇီဒန်းက ပြောကြားခဲ့သည်။

ဗက်ဇ်ကွက်သည် ရီးရဲလ်မက်ဒရစ်အသင်း လူငယ်အကယ်ဒမီမှ ပေါ်ထွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်မှ စတင်၍ အသင်းကြီးတွင် ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့သူဖြစ်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ