နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မက်ဆီကို သူ့ဆန္ဒအတိုင်းဆောင်ရွက်တော့လို့ ဂျာရက်ပီကေးပြော

နိုဝင်ဘာ  ၂၇


ပြီးခဲ့တဲ့ရာသီက မက်ဆီရဲ့ အသင်းမှထွက်ခွာလိုကြောင်းတင်ပြခဲ့မှုအပေါ် ဥက္ကဋ္ဌ ဘာတိုမြူက ပယ်ချခဲ့ တာကြောင့် ဥပဒေကြောင်းအရ ဖြေရှင်းဖို့အထိဖြစ်ခဲ့ကြပြီး စာချုပ်ပါအရဆိုရင် တစ်နှစ်သာကျန်တော့သည့် အတွက် မက်ဆီဘက်က အလျှော့ပေးသည်းခံခဲ့ပါတယ်။ လက်ရှိအခြေအနေအရ လာမယ့်ရာသီမှာ ဘာမဆို ဖြစ်သွားနိုင်ပြီး ဘာစီအနေနဲ့လည်း မက်ဆီအလွန်ခေတ်ကို စတင်ပြင်ဆင်ရပါတော့မယ်။ ဘာစီလိုနာ အသင်းခေါင်းဆောင် ဂျာရက်ပီကေးကတော့ မက်ဆီကိုလေးစားမှုရှိဖို့နဲ့ သူ့ရဲ့တောင်းဆိုချက်ကိုဖြည့်ဆည်းဖို့ လိုတယ်လို့သတိပေးလိုက်ပါတယ်။ 

ပီကေးက “ကျွန်တော်နဲ့မက်ဆီကြားမှာ ပြဿနာတွေတက်နေချိန်တုန်းက စကားပြောဆိုမှု အများအပြား မရှိခဲ့ပါဘူး။ ကျွန်တော် သူ့ကို စာတစ်ကြောင်းပို့ခဲ့တာတော့ မှတ်မိပြီး မက်ဆီရေ ဒီလူတွေက တစ်နှစ်ပါပဲ သည်းခံလိုက်ပါ။ လူသစ်တွေလာလိမ့်မယ်လို့ ပို့ခဲ့တာပါ။ မက်ဆီအနေနဲ့ အသင်းအတွက် အရာရာပေးဆပ်ခဲ့ပြီးဖြစ်သလို သူထွက်ခွာလိုရင် ကျွန်တော်သာ ဥက္ကဋ္ဌဆို အသာတကြည်ပဲ သူ့ကို လေးစားသမှုနဲ့ ခွင့်ပြုပေးမှာပါ။ ကစားသမားတစ်ယောက်က အသင်းတစ်သင်းအတွက် ၁၆ နှစ်ကြာ ကစားပေးပြီးတဲ့ နောက် သဘောတူညီမှုမရဘူးဆိုတာကတော့ အလွန်စိတ်ပျက်ဖို့ကောင်းတဲ့အရာပါပဲ။ ကမ္ဘာ့သမိုင်းမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ ကစားသမားတစ်ယောက်က အသင်းကို စိတ်ပျက်လောက်အောင်အထိဖြစ်ခဲ့တာ ကတော့ ဒီအသင်းက ရှေ့ဆက်မအောင်မြင်ချင်ဘူးလို့ ခံစားမိတာကြောင့်ပါ။ မက်ဆီအတွက် အရာရာက ထိုက်တန်မှုရှိသလို ကွင်းအသစ်ဆောက်ခဲ့ရင်တောင် သူ့နာမည်ပေးရပါလိမ့်မယ်။ ကျွန်တော်တို့အနေနဲ့ အသင်းရဲ့အုပ်ချုပ်ပုံတွေကို ပြန်လေ့လာဖို့လိုပါတယ်။ လိဂ်ဖလား နှစ်ကြိမ်ရပြီး ထိပ်ကဦးဆောင်နေတဲ့ အနေအထားမျိုးမှာ ရာသီဝက်နဲ့ ဗယ်ဗါဒီကို ထုတ်ပယ်တာမျိုးက လက်သင့်မခံနိုင်တဲ့ ကိစ္စမျိုးပါပဲ။ ဒါက မှန်ကန်တယ်လို့ ကျွန်တော် လက်မခံနိုင်ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ