နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၀ ပြည့်နှစ်အတွက် ဖီဖာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းထွက်ပေါ်လာ

နိုဝင်ဘာ  ၂၇


၂၀၂၀ ပြည့်နှစ်အတွက် ဖီဖာအကောင်းဆုံးကစားသမားဆုပေးပွဲကြီးကို ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ကျင်းပ တော့မှာဖြစ်ပါတယ်။ ဒါကြောင့် ဖီဖာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းကလည်း ထွက်ပေါ်လာခဲ့ပါပြီ။ အားလုံးမျှော်မှန်းထားတဲ့အတိုင်း လီဝမ်ဒေါ့စကီး၊ မက်ဆီ၊ ရော်နယ်ဒိုနဲ့ ဆာလတ်တို့အားလုံး ဒီစာရင်းမှာပါဝင်လာပါတယ်။ မက်ဆီဟာ ၂၀၁၉ ရာသီရဲ့ အကောင်းဆုံးကစားသမားဆုပိုင်ရှင်ပါ။ ၂၀၁၉−၂၀၂၀ ချန်ပီယံလိဂ်ဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့တဲ့ ဘိုင်ယန်တိုက်စစ်မှူးကြီး လီဝန်ဒေါ့စကီးကတော့ ယခုနှစ်အကောင်းဆုံးကစားသမားဆုအတွက် တစ်ပြေးနေသူဖြစ်ပါတယ်။ အခြားဆန်ခါတင်စာရင်းမှာ ပါဝင်လာသူ တွေကတော့ တီယာဂို၊ လီဗာပူးက မာနေး၊ ဆာလက်၊ ဗန်ဒိုက်၊ မန်စီးတီးက ကွင်းလယ်ကစားသမား ဒီဘရိုင်း၊ ရီးရဲလ်က ရာမို့စ်၊ ဂျူဗင်က ရော်နယ်ဒို၊ PSG က နေမာနဲ့အမ်ဘာပေတို့လည်း ဆန်ခါတင်စာရင်းမှာ ပါဝင်လာကြပါတယ်။ အကောင်းဆုံးဂိုးသမား ဆန်ခါတင်စာရင်းမှာတော့ အလီဆွန်၊ ကော့တွိုက်၊ နာဗက်၊ နုအာ၊ ဂျန်အိုဗလက်နဲ့ တာစတီဂျန်တို့ကို ရွေးချယ်ထားကြပါတယ်။ အကောင်းဆုံးနည်းပြစာရင်းမှာတော့ လိဒ်ယူနိုက်တက်နည်းပြ ဘီယံဆာ၊ ဘိုင်ယန်နည်းပြဟန်ဆီဖလစ်၊ လီဗာပူးက ဂျာဂန်ကလော့၊ ဆီးဗီလာက ဂျူလန်လိုပက်တီဂူနဲ့ ရီးရဲလ်က ဇီဒန်းတို့ပါဝင်လာကြပါတယ်။ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာတော့ ဘယ်သူတွေ အကောင်းဆုံးကစားသမားဆု၊ ဂိုးဆုနဲ့ နည်းပြဆုတွေပိုင်ဆိုင်သွားကြမလဲဆိုတာတော့ စောင့်ကြည့်ရတော့မှာပါ။

(SO)






အခြားဆက်စပ်သတင်းများ