နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗုံးခွဲတိုက်ခိုက်ရန် စီစဉ်မှုဖြင့် ဖမ်းဆီးထားသည့် အီရန်နိုင်ငံသား ၃ ဦးကို ထိုင်းနိုင်ငံ ပြန်လွှတ်ပေး

နိုဝင်ဘာ ၂၇၊ ဘန်ကောက်


အီရန်နိုင်ငံက ဗြိတိန်-သြစတြေးလျ နှစ်နိုင်ငံသား ခံယူထားသည့် စာပို့ချသူ ခိုင်လီမိုးဂီဘတ်ကို ပြန်လွှတ်ပေးခဲ့ပြီးနောက် ထိုင်းနိုင်ငံကလည်း ၂၀၁၂ ခုနှစ်က ဗုံးခွဲတိုက်ခိုက်ရန် အကွက်ချစီစဉ်မှုဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် အီရန်နိုင်ငံသား ၃ ဦးကို ပြန်လွှတ်ပေးခဲ့သည်။ ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် အီရန်နိုင်ငံသား ၃ ဦး ပြန်လွတ်လာခြင်းမှာ ခိုင်လီမိုးဂီဘတ်နှင့် အကျဉ်းသားအလဲ အထပ်လုပ်မှု အစီအစဉ်တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု အီရန်မီဒီယာက ဖော်ပြသည်။


အီရန်နိုင်ငံသားနှစ်ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ပြီး ကျန်တစ်ဦးကို ပြီးခဲ့သည့်သြဂုတ်လက လွတ်ငြိမ်းချမ်းသာပေးခဲ့သည်ဟု ထိုင်းနိုင်ငံ အရာရှိများက ပြောသည်။ ဘန်ကောက်မြို့မှ မအောင်မြင်ခဲ့သည့် ဗုံးခွဲတိုက်ခိုက်မှုမှာ အစ္စရေး နိုင်ငံသားတစ်ဦးကို ပစ်မှတ်ထားခဲ့ခြင်းဟု ဆိုသည်။


''ခိုင်လီမိုးဂီဘတ်ကို ထိန်းသိမ်းမှု၊ စီရင်ချက်ချမှတ်မှုက တရားမျှတမှုမရှိဘူးဆိုတာ သြစတြေးလျနိုင်ငံက အမြဲတမ်းပြောခဲ့ပါတယ်။ ခိုင်လီ အိမ်ပြန်လာနိုင်လို့ ကျွန်တော် အရမ်းကျေနပ်ပါတယ်''ဟု သြစတြေးလျ ဝန်ကြီးချုပ် စကော့မော်ရစ်ဆင်က ပြောသည်။


သို့သော် ခိုင်လီမိုးဂီဘတ် ပြန်လွတ်လာခြင်းမှာ အကျဉ်းသားအလဲအထပ် လုပ်ခြင်း ဟုတ်၊ မဟုတ်ဆိုသည့်အချက်ကို မော်ရစ်ဆင်က မှတ်ချက်ပေး ရန် ငြင်းဆန်ခဲ့ပြီး သြစတြေးလျနိုင်ငံတွင် မည်သူ့ကိုမျှ လွှတ်ပေးခဲ့ခြင်းမရှိဟု ဆိုသည်။ ထိုင်း အာဏာပိုင်များကလည်း အီရန်နိုင်ငံသား ၃ ဦးကို မည်သူနှင့်မျှ အလဲအထပ်လုပ်ခဲ့ခြင်းမဟုတ်ဟု ဆိုသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ