နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နယ်စပ်တံတိုင်းရှိ အာရုံခံဆင်ဆာများ ဝက်အူရစ်ချောင်နေ၍ မြောက်ကိုရီးယားပြည်ပြေး ဝင်ရောက်လာခြင်းကို မတွေ့ရှိခဲ့ဟု တောင်ကိုရီးယား ဆို

နိုဝင်ဘာ ၂၇၊ ပြုံယမ်း


နယ်စပ်တံတိုင်းရှိ အာရုံခံဆင်ဆာများ ဝက်အူရစ်ချောင်နေခြင်းကြောင့် မြောက်ကိုရီးယားနိုင်ငံသားတစ်ဦး ဖြတ်ကျော်ဝင်ရောက်လာခြင်းကို မတွေ့ရှိခဲ့ခြင်းဟု တောင်ကိုရီးယားနိုင်ငံက ပြောသည်။ ယခုလ အစောပိုင်းတွင် မြောက်ကိုရီးယားမှ ထွက်ပြေးလာပြီး နယ်စပ်စည်းရိုးကို ကျော်တက်လာခဲ့သည်ဆိုသော အမျိုးသားတစ်ဦးကို တောင်ကိုရီးယားအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်။ အသက် ၃၀ ဝန်းကျင်ရှိသည့် အဆိုပါအမျိုးသားမှာ ဂျွမ်းဘားအားကစားသမားဟောင်းဟု ဆိုသည်။


ယခုအခါတွင် ကိုရီးယားနှစ်နိုင်ငံ နယ်စပ်ရှိ ဆင်ဆာအားလုံးကို စစ်ဆေးသွားမည်ဟု တောင်ကိုရီးယား စစ်တပ်က ကြေညာခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် တပ်ဆင်ခဲ့သည့် အာရုံခံဆင်ဆာမှာ တစ်ယောက်ယောက်က နယ်စပ်စည်းရိုးကို ထိမိလျှင် အစောင့်အကြပ်များထံ အချက်ပေးရမည်ဖြစ်သည်။ သို့သော် ဝက်အူရစ်များ ချောင်နေခြင်းကြောင့် အာရုံခံဆင်ဆာများ ကောင်းကောင်းအလုပ်မလုပ်ခဲ့ဟု ပြီးခဲ့သည့်ကြာသပတေးနေ့တွင် တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်က ပြောသည်။


မြောက်ကိုရီးယားမှ ဝင်ရောက်ခိုလှုံသူကို နောက်ပိုင်းတွင် စောင့်ကြည့်ကင်မရာများက တွေ့ရှိခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံသားများ ဝင်ရောက်လာမည်ဆိုပါက တုံ့ပြန်လှုပ်ရှားနိုင်ခြင်း မရှိကြောင်း အဆိုပါ ဖြစ်ရပ်က ဖော်ပြနေသည်ဟု တောင်ကိုရီးယားနိုင်ငံတွင် ဝေဖန်မှုများ ထွက်ပေါ်နေသည်။ မြောက်ကိုရီးယားပြည်ပြေးကို ခြေရာခံ ရှာဖွေနိုင်ခဲ့ပြီး နယ်စပ်စည်းရိုးကို စစ်ဆေးကြည့်ချိန်တွင် ဖိထားသည့် အရာ တွေ့ရှိခဲ့သည်။


အဆိုပါအခြေအနေတွင် အာရုံခံဆင်ဆာ အလုပ်လုပ်ပါက အချက်ပြရမည်ဖြစ်သည်။ နယ်စပ်ဖြတ်ကျော် ရာတွင် စည်းရိုးပေါ်မှ ကျော်ဖြတ်လာကြောင်း သက်သေပြရန်အတွက် တောင်ကိုရီးယားအာဏာပိုင်များက မြောက်ကိုရီးယားပြည်ပြေးကို အကြိမ်ကြိမ်အဖန်ဖန် ပြန်လည်သရုပ်ပြခိုင်းခဲ့သည်ဟု တောင်ကိုရီးယား မီဒီယာတစ်ခုက ဖော်ပြသည်။ နှစ်စဉ်နှစ်တိုင်း မြောက်ကိုရီးယားနိုင်ငံမှ ထွက်ပြေးသည့်ပြည်ပြေး ၁၀၀၀ နီးပါးရှိသည်ဟု ဆိုသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ