နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံ၏ ခေါင်းချင်းဆက်အမြွှာညီအစ်ကိုနှစ်ဦးအနက် တစ်ဦး ကွယ်လွန်

နိုဝင်ဘာ ၂၇၊ နယူးဒေလီ


၂၀၁၇ ခုနှစ်တွင် ခွဲစိတ်ပေးခဲ့သည့် အိန္ဒိယနိုင်ငံမှ ခေါင်းချင်းဆက်အမြွှာညီအစ်ကိုနှစ်ဦးအနက် တစ်ဦး ကွယ်လွန်သွားခဲ့သည်။ အိန္ဒိယနိုင်ငံအရှေ့ပိုင်း သြဒိသပြည်နယ်မှ ဂျာဂါနှင့် ကာလီယာဟု အမည်ရသည့် ညီအစ်ကိုနှစ်ဦးမှာ ခေါင်းချင်းဆက်အမြွှာများဖြစ်ပြီး ၂၀၁၇ ခုနှစ်က အသက် ၂ နှစ်အရွယ်တွင် အကြီးစား ခွဲစိတ်မှုအများအပြား လုပ်ခဲ့ရသည်။


ယင်းတို့နှစ်ဦးမှာ သွေးကြောများနှင့် ဦးနှောက်တစ်သျှူးများ မျှဝေသုံးစွဲနေရသည့် အခြေအနေဖြင့် မွေးဖွားလာခြင်းဖြစ်ပြီး အဆိုပါအခြေအနေမှာ ကလေးမွေးဖွားမှု ၃ သန်းတွင် တစ်ကြိမ်သာ ဖြစ်နိုင်သည်ဟု ဆိုသည်။ အိန္ဒိယနိုင်ငံ၏ ပထမဆုံး ခေါင်းချင်းဆက်အမြွှာ ခွဲစိတ်မှုအဖြစ် ၂၀၁၇ ခုနှစ်က ဒေလီမြို့ရှိ All India Institute of Medical Sciences သိပ္ပံဌာနတွင် ဆရာဝန် ၃၀ ပါသည့်အဖွဲ့က ယင်းတို့ကို ခွဲစိတ်ပေးခဲ့သည်။


ပြီးခဲ့သည့်နှစ်တွင် ယင်းတို့နှစ်ဦးကို သြဒိသပြည်နယ်ရှိ အစိုးရဆေးရုံသို့ ရွှေ့ပြောင်းပေးခဲ့သည်။ အသက် ၅ နှစ်အရွယ်ရှိသည့် ခါလီယာမှာ ပြီးခဲ့သည့်ရက်သတ္တပတ်အထိ ကျန်းကျန်းမာမာ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ကျန်းမာရေးဆိုးရွားလာခဲ့ပြီး သွေးဆိပ်တတ်ခြင်းကြောင့် နာမကျန်းဖြစ်ပြီး ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ကွယ်လွန်သွားခဲ့ကြောင်း ဆရာဝန်များက ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ